Y.K.T~[17]

12K 954 27
                                    

Unicode:

မိနစ်​အချို့​ကျော်​လွန်​လာသည့်​တိုင်​..
သူ​ရောကျွန်​တော်​ရော ထို​နေရာက​နေ တစ်ဖဝါးမှမခွာမိ​ကြသေးပါ ။

'စမတ်ကျချက်​က​တော့ဟယ်​ ကိုရီးယားမင်းသားတွေနီးနီးပဲ..

ငါအစက စီအီးအိုကိုအသက်​အဲ့​လောက်​ငယ်​မယ်​လို့မထင်​ထားမိဘူး ငါထင်​တာ​တော့ (၃၀​)တောင်​ပြည့်​လောက်​မှာမဟုတ်​သေးဘူး'

နားထဲမှာလည်း နေ့လည်​က​နားစွန်နားဖျားကြားခဲ့ရတဲ့ စကားတွေကိုသာ ပြန်​ကြား​ယောင်​လျက်.. ။ ဒါဆို စီအီးအိုအသစ်​ဆိုတာက သူထင်​ခဲ့သလိုသျှားဖြစ်​နေခဲ့တာ​ပေါ့ ။

ကြားထဲက လက်တစ်ကမ်းလောက်ကွာ​ဝေး​နေ​တဲ့ လေထုကြီးကလည်း အေးစက်​တောင့်​တင်း​နေလို့နေတော့သည် ။ အခုအချိန်အထိ တစ်​ယောက်​မျက်​နှာတစ်​ယောက်​ကြည့်​၍ မျက်​ရည်​အဖြိုင်​ဖြိုင်​ကျ​မိနေကြဆဲ ။

( အင့်​..! )

မလှုပ်မယှက်ရပ်နေခဲ့ရာမှ ချက်​ချင်းဆိုသလို သူ့ဆီကိုခြေလှမ်းကျဲကြီးတွေနဲ့လျှောက်​လာပြီး တစ်​ကိုယ်​လုံးကိုသိမ်းကြုံးကာ ရင်​ခွင်​ထဲထိုးသိပ်ထည့်​လိုက်​တဲ့သျှားကို သူဘာစကားမှမပြောနိုင်ခဲ့ပါဘူး ။

နှစ်​ယောက်​ကြားမှာ မြူတစ်​မှုန်​စာတောင်​ လစ်​လပ်​မှုရှိမ​နေ​လောက်​တဲ့အထိ သျှားကကျွန်တော့ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားခဲ့သည် ။ ဖက်နေရင်းနှင့်ပဲ လုံလောက္မှုကိုမခံစားရသလို တိုးကာတိုးကာ သူ့ရင်ခွင်ထဲဖိသိပ်ထည့်သည် ။ ယောင်ယောင်ယမ်းယမ်း သျှားရဲ့အင်္ကျီခါးစကိုဆုပ်ကိုင်လိုက္မိတဲ့ ကျွန်တော့လက်တွေကို သျှားတစ်ယောက်ကတော့ သတိထားမိမှာမဟုတ်ဘူး ။

ကျွန်​တော်​နှစ်​နှစ်​ကာကာ လွမ်းခဲ့ရတဲ့ရင်​ခွင်​ကျယ်​ကြီး..

ငါးနှစ်​တာလုံး​ တောင့်​တခဲ့ရတဲ့ရင်​ခွင်​ကျယ်​ကြီး..

​တော်​ပါ​သေးရဲ့။
အိပ်​မက္မဟုတ်​လို့​တော်​ပါ​သေးရဲ့.. ။

သူက ကျွန်​တော့ပခုံးထက်​သို့​ခေါင်းတိုးဝင်​ကာ.. ကျွန်​တော်​က သူ့ဝဲဖက်​ရင်​အုံကိုမျက်​နှာအပ်​ကာဖြင့်​ နှစ်​ဦးသား ရှိုက်​ကြီးတငင်​ငို​ကျွေး​နေမိကြတာ အချိန်တစ်ခုအထိ ။

ရ င် ခွ င် သ စ် (c o m p l e t e d)Nơi câu chuyện tồn tại. Hãy khám phá bây giờ