Y.K.T~[9]

11.8K 865 7
                                    

Unicode:

ရှိုင်းတို့အိမ်​ထဲကိုမ​ရောက်​သေးခင်မှာပဲ ခြံဝမှာတင်​တည်းက​ လေး​လေး​မောင်​ရဲ့အသံကိုကြားနေရပြီ ။​ လေး​လေး​မောင်​က အရင်​တုန်းတည်းက အသံအောင်.. အသံ​ကောင်းလှသည်​မှာ လူတိုင်းအသိ.. ။ ​ကျောင်းပိတ်​ရက်​ရောက်​ပြီဆို အိမ်​မှာမကပ်​ဘဲ ရှိုင်းတို့အိမ်​မှာသာအမြဲ​နေပြီး​ လေး​လေး​မောင်​သီချင်းဆိုပြသည်​ကို ရှိုင်းနဲ့အတူအမြဲနား​ထောင်​ခဲ့ရသည်​ ။

​လေး​လေး​မောင်​က ရှိုင်းရဲ့ဦး​လေးသာဆိုပေမယ့် အသက်​ကအဲ့လောက္မကြီး​သေး​ပေ.. ။ ရှိုင်း​မေ​မေရဲ့​မောင်​အငယ်​ဆုံးဖြစ်​တာမို့ အလွန်​ဆုံးရှိမှ (၃၆) ၊ (၃၇) လောက်​သာရှိဦးမည်​ ။ ငယ်ငယ်တည်းက အသက်​ငယ်​ရွယ်​သော​လေး​လေး​မောင်​ကိုသာ ရှိုင်းနဲ့သူနဲ့ကပ်​ခဲ့ပြီး ကစား​ဖော်​ကစားဖက်​ကလည်း​ လေး​လေး​မောင်​ပဲဖြစ်ခဲ့သည် ။

ဒါ​ပေမယ့်​ကျွန်​တော်​တို့ (၁၆) ၊ (၁၇) အရွယ်​.. လေး​လေး​မောင်​က (၂၈)နှစ်​လောက်​မှာ အိမ်​ထောင်​ကျပြီး မိန်းမရှိရာ 'က​လော'မှာလိုက်​နေ​နေတာ အခုမှပဲပြန်​ပေါ်လာ​တော့သည် ။ (၈)နှစ်လောက္မတွေ့ရတာကြာနေပြီဖြစ်တဲ့ ဦးလေးအရင်းလိုလူကိုပြန်တွေ့ရဖို့ သီဟတကယ်ပဲ စိတ်အားထက်သန်နေသည် ။

" ကျွန်​တော်​ရောက်​ပြီ "

ဧည့်​ခန်းထဲမှာထိုင်ပြီး စကား​ပြော​နေတဲ့လေးလေးမောင်ကိုကြည့်ရတာ အားတက်​သ​ရောပါပဲ ။ အသံ​ခပ်​ကျယ်​ကျယ်​ပေးလိုက်​မှသာ ကျွန်​တော်​ရှိရာသို့ လူစုံတက်​စုံလှည့်​ကြည့်​လာ​ကြသည် ။

" ဒါက ငါတို့အာ​ပေတူး သီဟ​လေးလားကွ "

" ဟုတ်​တယ်​လေး​မောင်​ရေ.. သီဟထူးနိုင်​မှ သီဟထူးနိုင်​အစစ်​ "

​လေး​လေးက တအံတဩဖြင့်​ဆိုလာ​တော့ ရှိုင်းကဘေးကဝင်​ထောက်​သည်​ ။ (၈)နှစ်​လောက်​တောင်​ကြာသွားပြီဆို​တော့​လည်း လေး​လေးမျက်​လုံးထဲမှာ ကျွန်​တော်​တို့က​တော့ တော်တော်လေးပြောင်းလဲသွား​လောက်​ပြီပေါ့ ။ ​လေး​လေးက​တော့ (၈)နှစ်​ကြာသွားလည်း ဒီပုံကဒီပုံအတိုင်းပဲ ။​ တောင်​ပေါ်သားကြီးဖြစ်သွားလို့လားမသိဘူး..၊ အသား​တောင်​အနည်းငယ်​ဝင်းလာသ​ယောင်​ရှိပြီး မဆိုသ​လောက်​က​လေးဝလာသလိုပဲ ။

ရ င် ခွ င် သ စ် (c o m p l e t e d)Where stories live. Discover now