Unicode:
" ဒီဟိုတယ်ရဲ့စီအီးအို 'ဂျေး' နဲ့ပါ "
" ဂျေး ? "
ထိုကပြားမလေးရဲ့စကားသံအဆုံး.. ကျွန်တော်ပါယောင်န၍ သံယောင်လိုက်ထွက်သွားရသည် ။
ဒီဟိုတယ်မှာ စီအီးအိုတစ်ယောက်ပဲရှိတာဖြစ်လို့ သူပြောတဲ့ 'ဂျေး' ဆိုတာကလည်း သျှားကိုပြောတာပဲဖြစ်ပါလိမ့်မည် ။ သျှားရဲ့ အနောက်တိုင်းနာမည်များလား ။
" ဟုတ်ပါတယ် ဂျေးဇက်ကိုပါ အာ.. ဂျေးရဲ့မြန်မာနာမည်ကဘာပါလိမ့် "
ထိုအမျိုးသမီးလေးဟာ ဂျေးဇက် လို့အတိအကျပြောပြီးမှ အနှီဂျေးဇက်ဆိုသူရဲ့မြန်မာနာမည်ကို သူ့ဘာသူနက်နက်နဲနဲတွေးတောနေပုံရသည် ။
" စီအီးအို သျှားစစ်သွေးဆိုတာများလား "
" အာ ဟုတ်တယ်သျှားစစ်သွေး.. အဲ့တာသူနဲ့တွေ့ချင်လို့ပါ ဒါပေမယ့် အောက်ကဧည့်ကောင်တာမှာတွေ့ခွင့်တောင်းတော့ ဂျေးကခရီးသွားနေတယ်ဆိုတာနဲ့ သူ့အတွင်းရေးမှူး ဒီကကိုရှိင်းခန့်ကိုညွှန်ပေးလိုက်တာနဲ့ပဲ တွေ့ခွင့်တောင်းလိုက်ရတာပါ.. ဂျေးရဲ့အိမ်လိပ်စာနဲ့အခုကိုင်နေတဲ့ ဖုန်းနံပါတ်လေးတစ်ချက်လောက်ပြောပြပေးနိုင်မလား မနက်ဖြန်ဆိုသူပြန်ရောက္မယ်ပြောလို့ပါ "
" ဪ.. ဟုတ်ကဲ့ ခဏလောက်ထိုင်စောင့်ပေးပါခင်ဗျ "
ဧည့်ဝတ်ပြုဖို့ကိုပင်မေ့နေကာ အခုမှထိုင်ခိုင်းလိုက်ရတော့သည် ။ အိမ်လိပ်စာအထိပါတောင်းနေတဲ့သူမက သျှားနဲ့ဘယ်လိုပတ်သတ်တာလဲ ။ ပြီးတော့ တရင်းတနှီးခေါ်ဝေါ်နေတဲ့ ဂျေးဆိုတဲ့အသုံးအနှုန်းက.. ။
အလုပ်ကလည်းမပြီးသေး ၊ ရုံးဆင်းဖို့ရာလည်း နောက်ကျနေပြီဖြစ်သောကြောင့် လိပ်စာနဲ့ဖုန်းနံပါတ်ကို စာရွက်တစ်ခုထဲတွင် ခပ်မြန်မြန်ချရေးပြီးပေးလိုက်တော့ ကျေးဇူးစကားအထပ်ထပ်ဆိုသည် ။ အပူ ၊ အအေး တစ်ခုခုသောက်ဖို့မေးတော့လည်း 'နောက်ကျနေပြီ အလုပ်လာရှုပ်ရတာအားနာပါတယ်' ဆိုပြီး ထပ်တလဲလဲပြောလာတာမို့ ဘာနဲ့မှမဧည့်ခံလိုက်ရဘဲ ပြန်လွှတ်လိုက်ရတော့သည် ။
သျှားရဲ့လိပ်စာတွေကို အခုမှလာတောင်းနေပုံထောက်ရင် ဒီနိုင်ငံမှာနေတာတော့မဖြစ်နိုင်လောက်ပေ ။ သို့ပေမယ့် ပြောပုံဆိုပုံတော့ အတော်ယဉ်ကျေးတဲ့အထဲမှာပါသည် ။ စကားအသွားအလာတွေကို ကြည့်ခြင်းအားဖြင့်လည်း သျှားနဲ့အလွန်ရင်းနှီးကြတဲ့ ဆက်ဆံရေးမျိုးဖြစ်မယ်ဆိုတာကို တန်းသိလိုက်ရသည် ။
CZYTASZ
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]