Y.K.T~[38]

10K 748 119
                                    

Unicode:

Start day 5️⃣ to leave from him .

20-June-2026 (တနင်္လာနေ့)
🕥 10 : 30 am.

ညကအရှိန်နဲ့ မိုးကအခုထိဖွဲဖွဲလေးရွာလို့ကောင်းနေတုန်း.. ။

ဟိုတယ်မှာသိမ်းစရာရှိတာသိမ်း.. ဝေဖြိုးအောင်ကိုလည်း အနည်းငယ်လွှဲစရာရှိသေးတာမို့ ဒီနေ့ဟိုတယ်ကို နောက်ဆုံးတစ်ခေါက်အနေနဲ့ သွားရပေဦးမည် ။ သွားရင်းနဲ့ သျှားအတွက်ပါထမင်းချိုင့်လေးပြင်ပေးချင်တာကြောင့် မနက်သျှားအလုပ်သွားပြီးတည်းက စီးတီးမတ်သွား ၊ မီးဖိုချောင်ထဲဝင်ပြီးချက်ပြုတ်လိုက်တာ အခုတော့ပြီးသလောက်ရှိနေပြီ ။

ဒီပုံစံအတိုင်းဆိုရင်တော့ မိုးတိတ်တာကိုစောင့်လို့မဖြစ်တော့ပါ ။ ချိုင့်ထဲကို ထမင်းဟင်းသေချာထည့်ပြီး မီးဖိုချောင်ရှင်းလင်းပြီးတာနဲ့ ရေချိုးလိုက်တော့သည် ။ ကြာလို့မဖြစ်ပေ ။ သျှားက (၁၁)ခွဲလောက်ကျရင် နေ့လည်စာစားဖို့ ဝေဖြိုးအောင်ကိုခေါ်ခိုင်းလိုက္မယ်ဆိုတာကြောင့် (၁၁)မခွဲခင်ဟိုတယ်ကိုအရောက်သွားရမည် ။

ဟင်းမချက်ဖို့အတန်တန်မှာထားပေမယ့်လည်း သူပြောတဲ့အတိုင်းမလုပ်တာကြောင့် ဟိုရောက်ရင်အဆူခံရလောက်သည် ။ ဆူခဲ့ရင်လည်း သူအကြိုက်ဆုံးချဉ်ပေါင်ကြော်ပါတာကြောင့် အဲ့တာနဲ့မျက်နှာလုပ်လိုက်ရင်ဖြစ်ပါသည် ။

အားလုံးပြီးတာနဲ့ အပူခံသုံးဆင့်ချိုင့် အပြာလေးကိုဆွဲပြီး ဘတ်စ်ကားဂိတ်ကို မိုးဖွဲလေးတွေကြားထဲကနေ ခပ်သွက်သွက်လမ်းလျှောက်ရသည် ။ သျှားရဲ့ကွန်ဒိုကနေ ဘတ်စ်ကားသွားစီးရတာမလွယ်လှပေ ။ သူတို့အိမ်ရာဝန်းထဲကနေ အပြင်ကိုရောက်ဖို့တင်ကို ဆယ်မိနစ်လောက်လျှောက်ရ၏ ။ အပြင်ရောက်ရင်လည်း ကားဂိတ်ထိကိုလေးမိနစ်လောက်လျှောက်ရသေးသည် ။ ဒီကနေသာ နေ့တိုင်းဘတ်စ်ကားစီးပြီးရုံးတက်ရရင် ခြေတိုလောက်သည် ။

ရုံးချိန်မဟုတ်တာမို့ ဘတ်စ်ကားပေါ်မှာ နေရာတောင်ရလိုက်ပါသေးသည် ။ ဘာအတွက်ကြောင့်လည်းတော့မသိပေမယ့် အခုလို သျှားအတွက်ကိုယ်တိုင်ချက်ပြုတ်ပြီး ထမင်းချိုင့်သွားပို့ရတာ တွေးနေရင်းနဲ့ကို ရင်ထဲတသိမ့်သိမ့်ကြည်နူးရသည် ။ ရာသီဥတုမသာယာနေပေမယ့်လည်း စိတ်ထဲမှာထူးထူးဆန်းဆန်းကြည်လင်နေ၏ ။ အသက် (၃၃)နှစ်ပြည့်ခါနီးကျမှ အခုလိုစိတ်လှုပ်ရှားနေတာ အခုမှရည်းစားထားဖူးတဲ့ ဆယ်ကျော်သက်လေးကဲ့သို့ပင် ။

ရ င် ခွ င် သ စ် (c o m p l e t e d)Where stories live. Discover now