Unicode:
ရန်ကုန်မြို့လယ်ခေါင်ရှိ အထက်တန်းစားဟိုတယ်တစ်ခုလို့ ပြောလို့ရနိုင်သော ' Royal Rose Hotel ' မှ ဒေါ်ထိပ်ထားသက်လျာဦး.. ။
မန်နေဂျင်းဒါရိုက်တာဟူသည့် သူမ၏ကိုယ်ပိုင်သီးသန့်ခန်းလေးထဲတွင် လက်ပ်တော့တစ်လုံးဖြင့် အဝင်အီးမေးလ်များစစ်နေသည် ။ ထိပ်ထားသက်လျာဦးအမည်ရှိ ထိုအမျိုးသမီးမှာ အသက်အရွယ်အားဖြင့် (၂၄)နှစ် သာရှိသေးသော်လည်း ဟိုတယ်၏ MD ဆိုသည့် ရာထူးအောက်တွင် လစ်ဟင်းမှုမရှိဦးစီးဦးဆောင်ပြုနိုင်သည်မှာ ဝန်ထမ်းတိုင်းသိသည့် အမှန်တရားတစ်ခုပင်ဖြစ်သည် ။
ချပ်ရပ်လွန်းလှသောခန္ဓာကိုယ်မှာ သေသပ်လှသည့်မြန်မာအင်္ကျီနှင့်လုံချည်ကိုသာ ဝတ်ဆင်လေ့ရှိပြီး အနေအထိုင်အပြောအဆို သိမ်မွေ့သည် ။ နူးညံ့သည့်မျက်ဝန်းများပိုင်ဆိုင်ထားသော်လည်း ဆုံးဖြတ်ချက်ပြတ်သားသည် ။ ထက္မြက်သည် ။ ကိုယ့်အားကိုယ်သာကိုးတတ်သည် ။ ယဉ်ယဉ်လေးနှင့်လှသော်ငြားလည်း မိန်းကလေးသဘာဝ အိညှက်အိညှက် ၊ ပျော့စိပျော့နဲ့လုပ်တတ်သည့် မိန်းကလေးများထဲတွင် ထိပ်ထားသက်လျာဦးမပါဝင်ပေ.. ။
ဝန်ထမ်းဘဝမှစလို့ မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမျှမယူပဲ ဒီနေ့ဒီအချိန်ထိ မန်နေဂျင်းဒါရိုက်တာရာထူးရောက်အောင်ကြိုးစားလာသည်မှာလည်း ပညာအရာမှာမခေသူဖြစ်ကြောင်း ဖော်ညွှန်းနေပြန်သည် ။
📲
✆ Maung ✆
အလုပ်လုပ်နေရင်းပေါ်လာပါသော ဖုန်းစခရင်ပေါ်မှခေါ်ဆိုသူကိုကြည့်ပြီး ဖုန်းလက်ခံလိုက်သည် ။
" ဟယ်လို "
" အသက် အလုပ်ရှုပ်နေလား "
" ရတယ် မောင်..ပြောလေ "
" လာမယ့်ဆန်းဒေး အားလားလို့လှမ်းမေးတာ ၊ မောင်တို့မတွေ့တာလည်းကြာပြီဆိုတော့ အဲ့နေ့တွေ့မလားလို့လေ "
" အာ.. ဆန်းဒေးဆိုမှသတိရတယ် ၊ အသက်အဲ့နေ့ကျရင် ဟိုတယ်မှာသုံးနေတဲ့ ရေချိုးဆပ်ပြာကပြဿနာလေးနည်းနည်းရှိလို့ အဲ့စက်ရုံဘက်ကိုသွားကြည့်ရမယ် ၊ စပြီးချိတ်တဲ့လူက အသက်ဖြစ်နေလို့ ကိုယ်တိုင်သွားမှရမှာ ၊ ဆောရီးပါ မောင်ရယ်... အသက် အပွိုင့်မန့်ယူပြီးသားလည်းဖြစ်နေလို့ "
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]