Unicode:ဝင်သွားလိုက်သည်နှင့် အခန်းထဲမှာ ရှုပ်ပွပြီးပွပလဲနေသောအ၀တ်များနှင့် အခြားတီဗွီရီမု ၊ အဲကွန်းရီမု ၊ ညမီးအိမ် ၊ ကျန်တဲ့တိုလီမုတ်စများစွာမှာ ခြေချစရာပင်မရှိလောက်အောင်ကြမ်းပြင်မှာပြန့်ကျဲနေသည် ။
အခန်းအလယ်တည့်တည့်က အိပ်ရာကြီးပေါ် ၊ ထိုအိပ်ရာရဲ့ခြေရင်းတည့်တည့်က တီဗွီကြီးပေါ် ၊ ထိုတီဗွီဘေးက စာကြည့်စားပွဲဟုထင်ရပါသော မှန်သားစားပွဲပေါ်နှင့် ဆုံလည်ကုလားထိုင်များပေါ် ၊ အမျိုးမျိုးသောနေရာများတွင် ပြန့်ကျဲ၍တို့လို့တွဲလောင်းဖြစ်နေတဲ့ အ၀တ်တွေက ဘယ်လိုတောင်... ။ ခုနက သူ့ကိုခေါ်လာပေးတဲ့အဒေါကြီး ချီတုံချတုံဖြစ်နေသည်မှာ ဒါကြောင့်ပဲဖြစ်ရမည် ။
စာသင်ပေးမယ့် ဆရာတစ်ယောက်ကို ကြိုဆိုတဲ့ပုံစံက တော်တော်လေးကိုရုပ်ပျက်ဆင်းပျက်ပါလားလို့ ခပ်ချဉ်ချဉ်တွေးမိသွားရသည် ။ ဒါကိုကြည့်လိုက်တာနဲ့ ဒီကောင်လေးဘယ်လောက်ဆိုးလဲဆိုတာ ခန့်မှန်းလို့ရနေပါပြီ ။
" ရောက်လာပြီလား ဆရာ.. ဘယ်လိုလုပ်မလဲ ကျွန်တော်က ဆရာလာမယ်ဆိုတာကြိုမသိလို့ အခန်းတောင်မရှင်းလိုက်ရဘူး "
ခပ်ရွဲ့ရွဲ့အသံလာရာသို့ကြည့်လိုက်တော့ ကုတင်ဘေးက ဆက်တီခုံဝိုင်းလေးမှာထိုင်နေပြီး ခြေထောက်က, စားပွဲခုံပေါ်သို့ ရိုင်းရိုင်းစိုင်းစိုင်းတင်ထားလျက် မှန်များဖြင့်သာကာရံထားသော လေသာဆောင်ကြီးဘက်သို့ မျက်နှာမူထားကာ ထိုစားပွဲခုံပေါ်မှ ဆေးလိပ်ပြာခွက်ထဲသို့ ဆေးလိပ်မီးဖိသတ်နေပါသော ကျွန်တော့ကိုကျောပေးထားတဲ့ကောင်လေး.. ။ လူကနိမ့်လျောထိုင်နေသောကြောင့် မီးခိုးရောင်ဆံပင်များကိုသာ မြင်နေရသည် ။
အသံ.. အသံက တစ်နေရာရာမှာကြားဖူးနေသလိုလိုပဲ ။
ထို့နောက် မီးခိုးရောင်ခပ်ဖွာဖွာဆံပင်များ.. ။
မဟုတ်လောက်ပါဘူး ။
ကျွန်တော့ဘက်က တိတ်ဆိတ်နေတာကြောင့်ပဲလားမသိ.. စားပွဲပေါ်မှခြေထောက်ကိုအသာချပြီး ကျွန်တော်ရှိရာဘက်သို့ ဖြည်းဖြည်းချင်းလှည့်လာနေပါသောသူ ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]