Unicode:
Start day 1️⃣ to leave from him .
16-June-2026 ( ကြာသပတေးနေ့ )
🕣8:30 am.မျက်စိတွေကျိန်းပြီးစပ်နေပေမယ့် အိမ်နောက်ဖေးဘက်ကကြားနေရတဲ့ ဆိုးဆိုးရွားရွားဂလုံဂလွမ်အသံတွေကြောင့် မထချင်ထချင်နှင့် ထလိုက်ရ၏ ။ နာရီကိုပြူးပြဲပြီးကြည့်လိုက်တော့ ရှစ်နာရီတောင်ခွဲနေလေပြီ ။ ခါတိုင်းဆိုဒီအချိန်က ဘယ်လိုမှအိပ်လို့မရတော့တဲ့အချိန်ဖြစ်ပေမယ့် ဒီနေ့ကတော့ ညကငိုထားတဲ့အရှိန်ကြောင့်ရယ် ၊ သျှားရဲ့ကွန်ဒိုအခန်းက ပိန်းပိတ်နေတဲ့လိုက်ကာခဲရောင်အထူကြီးတွေက (၂၄)နာရီပိတ်ကာထားတာကြောင့် နေ့မှန်းညမှန်းတောင်မသိရပါ ။
ညကအိပ်တာ ဧည့်ခန်းထဲကဆိုဖာပေါ်မှာဖြစ်ပေမယ့် မနက်ရောက်တော့ အခန်းထဲကမွေ့ရာကြီးပေါ်မှာ စောင်အလုံအခြုံလွှမ်းလျက်သား နိုးထလာရသည် ။ အေးစိမ့်နေတဲ့အဲကွန်းအောက္မှာ နွေးနေတဲ့စောင်လေးနဲ့ ဆက်ကွေးချင်နေပေမယ့် အခုလောလောဆယ်တော့ မီးဖိုချောင်ထဲမှာ ဆူဆူညံညံတွေလုပ်နေတဲ့တရားခံကို သွားကြည့်ရပေဦးမည် ။
မီးဖိုချောင်အဝကနေ အသာလေးချောင်းကြည့်လိုက်တော့ ကျွန်တော်နဲ့ဆင်တူဖြစ်တဲ့ ညဝတ်အင်္ကျီအပြာစင်းကြီးနဲ့ ဒယ်အိုးထဲကိုအားပါးတရမွှေနေတဲ့ ကိုယ်တော်ချောကိုတွေ့လိုက်ရ၏ ။ ဘေးနားမှာလည်း ထမင်းပေါင်းအိုးက တည်ထားသေးသည် ။ ဘာစိတ်ကူးတွေပေါက်ပြီး ထမင်းတွေထချက်နေလည်းတော့မသိ.. ။
" အဟမ်း.. အဟမ်း ! "
".........."
ခပ်ကျယ်ကျယ်လေးချောင်းဟန့်လိုက်ပေမယ့် တစ်ချက်သာနောက်လှည့်ကြည့်လာပြီး ဘာတစ်ခွန်းမှမပြောဘဲ ဟိုဖက်ပြန်လှည့်သွားခဲ့သည် ။ မျက်နှာကိုကြည့်ရသလောက်တော့ လုံးဝစိတ်မပြေသေးတဲ့အနေအထား ။ ကျွန်တော်ညက အပြင်မှာထွက်အိပ်ထားမှတော့ သူစိတ်ဆိုးနေတာလည်းမဆန်းတော့ပါဘူး ။
အနောက်ကနေအသာလေး.. သူ့ခါးကိုသွားဖက်လိုက်တော့ အဆီပိုမရှိ မာကျောကျစ်လျစ်နေတဲ့ကြွက်သားတွေကိုသာစမ်းမိသည် ။
သျှားက အမြဲပြောလေ့ရှိ၏ ။
' သူ့မှာဒီလိုခန္ဓာကိုယ်မျိုးရှိတာ သူများတွေလိုအပြင်းအထန်ကြိုးစားပြီး ရလာတာမဟုတ်ဘူး ' တဲ့ ။ ' အဲ့တာကြောင့်.. သူ့လို ရုပ်ကလည်းချော ၊ ခန္ဓာကိုယ်လည်းပြောစရာတစ်ကွက္မှမရှိတဲ့ ချစ်သူမျိုးကိုပိုင်ဆိုင်ထားရတာ ကိုခန့် ကိုယ့်ကိုယ်ကို အရမ်းကံကောင်းတယ်လို့သတ်မှတ်ပါ ' တဲ့လေ ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]