Y.K.T~[37]

8K 654 31
                                    

Unicode:

Start day 4️⃣ to leave from him .

19-June-2026 ( တနင်္ဂနွေနေ့ )
🕔 5 : 00 am.

📳ti~tee . . . ti~tee . . .ti~tee . . .ti~tee📳

ဖုန်းထဲနှိုးစက်သံကြောင့် အိပ်ချင်စိတ်တွေအကုန်မြိုသိပ်လို့ ငေါက်ခနဲထထိုင်လိုက်ရသည် ။ သျှားကိုကြည့်လိုက်တော့ ဘေးမှာအိပ်လို့ကောင်းတုန်း.. ။ ရေချိုးပြင်ဆင်ရန်အတွက် အရင်ဦးဆုံး ကျွန်တော့ပေါ်ကိုအားရပါးရခွထားတဲ့ သျှားရဲ့ခြေတံအရှည်ကြီးကိုအရင်ဖယ်ရသည် ။ ကျွန်တော့မှာလည်း တစ်ညတစ်ည သူ့ဖက်လုံးကြီးကိုဖြစ်နေတာပါပဲ ။

ကျွန်တော်အားလုံးပြင်ဆင်ပြီးတာနဲ့ ဟိုအိပ်ပုတ်ကို အသေအကြေနှိုးရတော့သည် ။ နှိုးပြီးရုံနဲ့မပြီးသေး.. ။ ရေချိုးခန်းထဲဝင်သွားတော့လည်း ရေချိုးခန်းထဲမှာခိုးပြီးအိပ်နေမှာစိုးလို့ တံခါးခေါက်ခေါက်ပြီးသွားသတိပေးရတာအမောပဲ ။ ဆပ်ပြာကိုနှံ့အောင်တိုက်လား မတိုက်လားတော့မသိပေမယ့်သျှားက ရေချိုးတာတော့အင်မတန်မြန်၏ ။

သူပြီးတဲ့အချိန် (၆)နာရီထိုးဖို့(၅)မိနစ်လောက်သာလိုတော့တာမို့ ကျွန်တော်တို့တန်းပြီးထွက်လာခဲ့ကြသည် ။ သျှားကဒီနေ့.. လည်ကတုံးအင်္ကျီအဖြူလေးနဲ့ ပုဆိုးအပြာရင့်ကွက်လေးကို သပ်သပ်ရပ်ရပ်လေးဝတ်ဆင်ထားသည် ။ အောက်ကဖိနပ်က အောကတ္တီပါနက်ပြာရောင်တောက်တောက်လေးနဲ့ ခြေထောက်ဖြူဖြူလေးတွေက ကြည့်လိုက်တာနဲ့ဖွေးပြီးဝင်းနေတာပင် ။ အခုလိုမြန်မာအဝတ်အစားနဲ့ ကားမောင်းနေရင် သျှားကအရမ်းကျက်သရေရှိသန့်ပြန့်နေပြီး စမတ်ကျတယ်ဆိုတာ ကျွန်တော်လက္မခံချင်လည်း လက်ခံရမည့်အချက်အထဲမှာပါ၏ ။ အလှူကြီးအတန်းကြီး လုပ်တာမဟုတ်ပေမယ့်လည်း ကျွန်တော်တို့နှစ်ယောက်လုံး ဒီနေ့ပုဆိုးနဲ့လည်ကတုံး ကိုယ်စီဝတ်ဆင်ထားဖြစ်သည် ။

" ကိုခန့် "

" ဟမ် "

" ဘာတွေသေချာကြည့်နေပြန်ပြီတုန်း.. ဘာဖြစ်နေလို့လဲ "

ရယ်ချင်ပက်ကျိနဲ့မေးလာတဲ့ သျှားအမေးကြောင့် ကျွန်တော့ကိုယ်ကျွန်တော်လည်း တကယ်အံ့ဩမိပါ၏ ။ ရက်ကဘယ်လောက္မှမကျန်တော့လို့လားမသိ.. ။ ဒီရက်ပိုင်းမှာ သျှားကိုတစ်ချက်တစ်ချက်ကြည့်မိရင် တော်ရုံတန်ရုံနဲ့ အကြည့်တွေခွာလို့မရပေ ။

ရ င် ခွ င် သ စ် (c o m p l e t e d)Où les histoires vivent. Découvrez maintenant