Unicode:" မတွေ့တာကြာပြီနော် မမထား "
ဓာတ်လှေကားစောင့်နေရင်းနဲ့ ကြားလိုက်ရတဲ့စကားသံကြောင့် အနည်းငယ်တော့တုန်လှုပ်စိုးရွံ့သွားရသည် ။
ဒါ စီအီးအိုရဲ့အသံ ။
စီအီးအိုလာရင် မောင်ပါအတူပါလာတော့မည် ။ သိနေပြီးသားဆက်နွှယ်မှုတစ်ခုဖြစ်ပေမယ့်လည်း မောင်တို့နှစ်ယောက်ကိုတွဲပြီးတွေ့ရတဲ့ သီးသန့်တွေ့ဆုံမှုမျိုးကို သူဘယ်လိုမျက်နှာမျိုးနဲ့ရင်ဆိုင်နိုင်မှာတဲ့လဲ ။
" ဟုတ်ကဲ့.. မောနင်းစီအီးအို "
စိတ်ကိုအတတ်နိုင်ဆုံးပြင်ဆင်၍ ဘေးသို့အသာလှည့်ကာ ပြန်နှုတ်ဆက်လိုက်တော့ မောင့်ကိုမတွေ့ရဘဲ စီအီးအိုတစ်ယောက်ထဲ ရပ်နေတာကိုတွေ့ရတော့မှ အသက်ရှူအနည်းငယ်ချောင်သွားရတော့သည် ။
" မောနင်း "
ရုံးတက်ချိန် (၉)နာရီအတွက်.. (၈)နာရီ (၁၅) မိနစ်ဆိုတဲ့အချိန်ဟာ ရုံးသူရုံးသားတွေအတွက် စောနေသေးတာမို့ ဓာတ်လှေကားစီးတော့လည်း စီအီးအိုနဲ့သူနဲ့နှစ်ယောက်တည်းသာဖြစ်သည် ။ တိတ်ဆိတ်နေတဲ့ဓာတ်လှေကားအတွင်း စီအီးအိုလည်း တစ်ခွန်းမဟသလို သူလည်းတစ်ချက်လေးတောင် စောင်းငဲ့မကြည့်ခဲ့ပါ ။
အမှန်တိုင်းပြောရရင် သူအခုထိလက္မခံနိုင်ဖြစ်နေရတုန်းပဲ ။ အသိစိတ်ရော ၊ မသိစိတ်ကပါ ဂယောက်ဂယက်နဲ့တုန်လှုပ်နေမိတုန်းပဲ ။ မောင်ဟာ သူ့ကိုသစ္စာဖောက်တယ်ဆိုတာသိလိုက်ရလို့ တုန်လှုပ်မိတာထက် သူ့ကိုလျစ်လျူရှူပြီး မောင်ပတ်သတ်နေတဲ့လူတစ်ယောက်ဟာ ယောက်ျားသားတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အမှန်တရားကြီးကိုတော့ လက်ခံဖို့အတွက် ခဲယဉ်းနေသေးတာဖြစ်သည် ။
အဲ့အကြောင်းကိုတွေးမိတိုင်းလည်း ရင်ထဲမှာတလှပ်လှပ်ဖြင့် အခုထိနာကျင်နေမြဲ.. ။
ဒါကို အခုခေတ်လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက္မှာ ထိပ်ဆုံးကပါပါလာတတ်တဲ့ 'Love is Love, အချစ်မှာ ကျားမဖြစ်တည်မှုကိုခွဲခြားစရာမလို ' ဆိုတာနဲ့ပဲ ဖြေသိမ့်လိုက်ရမှာလား ။ ဒါမှမဟုတ် ထိပ်ထားသက်လျာဦးရဲ့မွေးရာပါအကျင့်အတိုင်းသဘောထားကြီးကြီးနဲ့ပဲ လက်လွှတ်ပေးလိုက်ရတော့မှာလား ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]