Y.K.T~[22]

11.9K 814 30
                                    

Unicode:

" ရှိုင်း "

အလုပ်ဆင်းချိန်.. ကားပါကင်ထဲကထွက်လာတဲ့ သျှားရဲ့ကားဘေးနားလေးမှာ မျက်နှာငယ်လေးနဲ့လာရပ်တဲ့ သီဟကိုတွေ့လိုက်ရတော့ သျှားကကားဘရိတ်ကိုဆောင့်အုပ်လိုက်ပြီး သီဟရှိရာသို့ ကျွန်တော့ကိုမေးထိုးပြသည် ။ ကားထဲကနေ ခေါ်သံတော့မကြားရပေမယ့် ပါးစပ်လှုပ်ရှားပုံအရ ကျွန်တော့နာမည်ကိုခေါ်နေတာဆိုတာ သိလိုက်ရသည် ။

သီဟကို သူ့ရဲ့ဒိုင်ယာရီစာအုပ်တွေ့ပြီးတည်းက ရှောင်နေခဲ့တာ တစ်ပတ်ကျော်နှစ်ပတ်နီးပါးရှိနေပြီဖြစ်သည် ။ သီဟအိမ်လာတွေ့ရင်လည်း ကျွန်တော်လုံးဝထွက္မတွေ့ခဲ့ဘဲ မေမေတို့ကို နည်းနည်းစကားများထားလို့ဆိုပြီး လိမ်ပြောထားသည် ။

ကျွန်တော်ခုချိန်မှာ သီဟကိုရင်မဆိုင်ရဲသေးပါ ။
မနှစ်သက်တာထက် ကျွန်တော်က သူလိုချင်နေတဲ့အဖြေတစ်ခုကို ဘယ်သောအခါမှပေးနိုင်လိမ့်မှာမဟုတ်တာမို့ အရမ်းမျက်နှာပူရ၍ ထိပ်တိုက်ရင်မဆိုင်ရဲသေးတာဖြစ်သည် ။

သျှားကတော့ ကုမ္ပဏီအထိသီဟလာတွေ့ယူရတဲ့ အကြောင်းရင်းကိုမသိတာမို့ နားမလည်တဲ့မျက်ဝန်းတွေနဲ့သာ ကျွန်တော့ကိုလှမ်းကြည့်နေခဲ့ပါသည် ။

" စကားနည်းနည်းလောက် ပြောချင်လို့ပါ "

ကားမှန်ချပြီးကြည့်လိုက်တာနဲ့ တောင်းတောင်းပန်ပန်ပြောလာတဲ့ သီဟမျက်နှာကိုတွေ့လိုက်ရတော့လည်း ရင်ထဲမကောင်းပါ ။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်အကြာကြီးအတူရှိခဲ့ကြတဲ့ သူငယ်ချင်းအရင်းကြီးမဟုတ်လား ။

" သူနဲ့ပဲပြန်လိုက်ပါ့မယ် စီအီးအိုအရင်ပြန်နှင့်လိုက်ပါ "

" ရတယ် စကားပြောတာကို စောင့်ပြီးမှတူတူပြန်မယ် "

ကျွန်တော်ကားပေါ်ကဆင်းလိုက်တာနဲ့ သျှားကပါလိုက်ဆင်းလာပြီး သီဟကိုစူးစိုက်ကြည့်သည် ။ ပြီးတာနဲ့ ချက်ချင်းဆိုသလိုပြန်တုံ့ပြန်လာတဲ့ သျှားရဲ့စကားက သီဟကိုမျက်နှာအနည်းငယ်ပျက်သွားစေခဲ့သည် ။

" ငါသူနဲ့နှစ်ယောက်တည်းပဲပြောချင်တာ "

သီဟက သျှားကိုကြည့်ပြီး ခပ်မာမာပဲပြောသည် ။

ရ င် ခွ င် သ စ် (c o m p l e t e d)Onde histórias criam vida. Descubra agora