Y.K.T~[4]

15K 983 16
                                    


Unicode:

ထမင်းစား​သောက်​ပြီး.. ရှိုင်းတို့အိမ်​ဘက်​မ​ရောက်​တာလည်းကြာပြီဆို​တော့ အ​ညောင်းအညာ​ပြေလမ်း​လျှောက်​ရင်း ထွက်​လာခဲ့လိုက်​သည်​ ။

" အားတင်းထားပါ ဦး
မငိုနဲ့ကွာဆက်​ပြီး​တော့..
အရှုံးမ​ပေးဘူး​နော်​ ငါတို့ဘဝအတွက်​ပေါ့..

အတူ ကြိုးစားခဲ့တာပဲ
ကံတရားကထင်​သ​လောက်​တော့..
မရက်​စက်​ခဲ့တဲ့အတွက်​ တို့နှစ်​ယောက်​မျှော်​လင့်​နိုင်​ပါသေးတယ်​

အုတ်​တစ်​ချပ်​နဲ့ သဲတစ်​ပွင့်​နဲ့​ဆောက်​ခဲ့ပြီးမှ..
အိပ်​မက္တို့ မ​ဝေး​တော့လို့.. အားမ​လျှော့နဲ့
ဆက်​လျှောက်​မယ်​ "

ရှိုင်းတို့အိမ်​ခြံအဝ​ရောက်​မှ ခပ်​တိုးတိုးပျံ့လွင့်​လာ​သောအသံလေး.. ။ တကယ့်ကို တိုးတိုးလေးသာညည်းဆိုနေခြင်းဖြစ်သည် ။ ​တောက်​ပ​သောမျက်​လုံးအစုံက​ ကောင်းကင်​ကို​မော့ကြည့်​လျက်​ ဖော့ဖ​ယောင်းလို​ပျော့​ပျောင်းတဲ့လက်​တစ်​စုံက​တော့ ဂစ်​တာကိုစည်းချက်မှန်မှန်တီးခတ်နေခဲ့သည် ။

အဝါ​ရောင်​တီရှပ်​က​လေးက ဖြူဥ​နေ​သောအသားအ​ရေကို ပိုမိုလင်းသွားအောင် ထောက်ပံ့ပေးနေသယောင်.. ။ ကြယ်​တွေစုံလင်​သော​ကောင်းကင်​ကြီး​အောက်​မှာ သံစဉ်​တစ်​ပုဒ်​ကို လှလှပပတီးခတ်​သီဆို​နေ​တဲ့ တစ်ယောက်သောသူကြောင့် ညအလှက ပိုပြီးပြည့်စုံသွားခဲ့ရသည် ။

လှသည် ။
ဝရံတာကကောင်လေးတစ်ယောက်က ကြယ်တွေထက်ကိုပိုလှတယ်လို့ပဲ လွန်လွန်ကြူးကြူးတင်စားချင်မိသည် ။

ရှိုင်းကငယ်​ငယ်​လေးတည်းက ဂီတတူရိယာတွေတီးခတ်ရတာကို ဝါသနာပါခဲ့တာဖြစ်သည် ။ ကျွန်​တော်​က ဂစ်​တာတစ်​ခုသာတီးတတ်​ပင်​မယ့်​ ရှိုင်းက​တော့ ပီယာနိုလည်းပိုင်နိုင်ပြီး.. တ​ယောဆိုလည်းရသည် ။ ရှိုင်းရဲ့ဦး​လေး '​လေး​လေး​မောင်'​က အရင်​က စတူဒီယိုတစ်​ခုမှာ အလုပ်​လုပ်​တာကြောင့်​ လေး​လေး​မောင်​က သူအလုပ်​သွားရင် ရှိုင်းကို​ပါခေါ်​ခေါ်သွားတတ်​၏ ။ အဲ့​တာကြောင့် ရှိုင်းကအစုံတီးတတ်​နေခြင်းဖြစ်​သည် ​။ လေး​လေး​မောင်​က သူ့ကိုရှိုင်းနှင့်​တန်းတူနီးပါးချစ်​သည် ​။ အခု​တော့ အိမ်​ထောင်​ကျသွားပြီး မိန်းမရှိရာ က​လောမြို့တွင်​လိုက်​နေ​နေ၍ မ​တွေ့တာကြာပြီဖြစ်​သည်​ ။

ရ င် ခွ င် သ စ် (c o m p l e t e d)Where stories live. Discover now