Y.K.T~[32]

10.3K 783 111
                                    

Unicode:

မနက်​(၇)နာရီခွဲ​လောက်​.. ဟိုတယ်သွားဖို့အားလုံးပြင်​ဆင်​ပြီးသွား၍​ ခြေအိတ်​ဝတ်​နေစဉ်​မှာပဲ ခြေကျင်းဝတ်​မှာ လတ်​ကနဲ​တွေ့လိုက်​ရတဲ့ကြိုးလေးကြောင့် လှုပ်ရှားနေတဲ့လက်တို့ရပ်တန့်ကုန်ရ၏ ။

ဒီ​ခြေကျင်း​လေးဝတ်​ခဲ့တာ​တောင်​ နှစ်​တော်​တော်​များများရှိ​နေပြီပဲ ။

သျှား​ပေးထားတဲ့ ထိုပစ္စည်း​လေးဟာ.. တန်​ဖိုးဘယ်​လောက်​ကြီးလဲ ၊ မကြီးသလဲဆိုရင်​ ပျက်စီသွားဖို့ဝေလာဝေးစွ.. သူစဝတ်​ပေးတုန်းကအ​ရောင်​လေးအတိုင်း တစ်​စက်​က​လေးမှ​မှေးမှိန်​သွားခြင်းမရှိ​ခဲ့ပါ ။

ဒီ​လို​နေ့မျိုးမှာ အလုပ်​တက်​ဖို့ရာအတွက်​တော့ စိတ်​ထဲမှာ အ​တော်​လေးတုန်​လှုပ်​နေမိသား ။ ညကလည်း တစ်​ညလုံးအိပ်​မ​ပျော်​ဘဲ ဟိုလှိမ့်​ဒီလှိမ့်​နဲ့ မနက်​(၄)နာရီ​ကျော်​လောက်​မှသာ တစ်​မှေး​လောက်​ရသွားခဲ့သည်​ ။ လုံလုံ​လောက်​လောက်​မအိပ်​ခဲ့ရလို့ လူတစ်​ကိုယ်​လုံးနုံးချိကာ ခေါင်းထဲထိုးကိုက်​နေ​ပေမယ့်လည်း မဖြစ်​မ​နေအလုပ်​သွားရဦးမှာမို့ အားတင်းပြီးလှုပ်​ရှား​နေရတာဖြစ်သည် ။

' မိသားစုစုံညီတက်​ညီနဲ့ မင်းနဲ့ Angela ရဲ့​စေ့စပ်​ပွဲရက်​ရွေးဖို့​ပေါ့ ' ဆိုတဲ့ ပြတ်သားတဲ့စကားတစ်ခွန်းကို နားထဲမယ် ပြန်ကြားယောင်လာမိပြန်ပြီ ။

ဒီ​နေ့​ကျော်​ပြီးလျှင်..
ပွင့်ပွင့်လင်းလင်း​ပြောရရင် ဒီည​နေသျှားတို့​စေ့စပ်​ပွဲရက်​ရွေးပြီးကြလျှင်.. ဘာ​တွေဆက်​ဖြစ်​သွားဦးမှာလဲဆိုတာကို ကျွန်​တော်​အရမ်းသိချင်​နေပြီဖြစ်သည် ။

သိချင်​တာထက်​.. သိဖို့လိုအပ်​နေလေပြီ ။

'သျှားက ဘယ်​လမ်းကိုဆက်​လျှောက်​မှာလဲ'ဆိုတဲ့​မေးခွန်းရဲ့အ​ဖြေကို ကျွန်​တော်​တကယ်ပဲလိုအပ်​နေခဲ့ပြီ ။

အခုထက်​ထိ မကြာမီ​စေ့စပ်​ပွဲလုပ်​ရ​တော့မယ့် ကာယကံရှင်​သတို့သားလောင်း သျှားစစ်သွေးဆီက ဘာသတင်းအစအနမှမကြားရ​သေး.. ။ မ​နေ့ညကပြန်​လာတုန်းက ဟိုမှာပွဲပြီးတာနဲ့သူ့နောက်ကိုလိုက်​လာပြီး အကျိုးအ​ကြောင်းခိုင်​ခိုင်​လုံလုံနဲ့ ပွင့်ပွင့်လင်းလင်းရှင်းပြလာလိမ့်​မယ်လို့ ထင်​ထားခဲ့​ပေမယ့်လည်း.. အ​တွေးတွေက တက်တက်စင်အောင်လွဲခဲ့ရပြီး ဖုန်း​လေးတစ်​ချက်​တောင်​ဆက်​မလာခဲ့ပါ ။

ရ င် ခွ င် သ စ် (c o m p l e t e d)Where stories live. Discover now