Y.K.T~[42/Finale]

13.4K 723 45
                                    

Unicode:

United States of America,
Massachusetts, Boston, Brookline, 12-April-2027

" ဟုတ် ကောင်းတယ်ကောင်းတယ်မေမေ.. မေမေတို့ရော နေကောင်းတယ်မလား "

"............"

" သူကမနိုးသေးဘူး"

"............."

" ဟုတ် ပြေပါတယ်မေမေရဲ့ "

"............"

" ဒီနေ့ကသူ့နားရက်.. ကျွန်တော်က မနက်ဖြန်မှနားရမှာ "

"............"

" နောက်အပတ်ကျရင်ပိတ်ရက်တူလို့.. ဒီနားကကမ်းခြေလေးတစ်ခုကိုသွားဖို့တော့လုပ်ထားတာပဲ သေတော့မသေချာသေးပါဘူး "

".........."

" ဟုတ်.. အဲ့မှာညဉ့်နက်နေပြီမလား မေမေအိပ်တော့လေ "

".........."

" နောက်နေ့အားတဲ့အချိန်ကျမှ ဗွီဒီယိုကောလ်ခေါ်လိုက္မယ် "

"..........."

" ဟုတ်.. တာ့တာ "

ဖုန်းချပြီးတာနဲ့ ကော်ဖီနှပ်ထားတာရတဲ့အချိန် အတော်ပဲဖြစ်သည် ။ Wholemeal bread အလုံးကြီးကို လေး,ငါးချပ်လောက် အနေတော်အရွယ်လေးတွေလှီး​ထားလိုက်သည် ။ ဒီမှာအခြေချတဲ့(၉)လကျော် (၁၀)လလုံးလုံး.. ဒီလိုဖြစ်သလိုမနက်စာလေးနဲ့သာ နှစ်ယောက်လုံးပြီးနေခဲ့တာဖြစ်သည် ။

(၈)နာရီဂျူတီဝင်ရမှာဖြစ်လို့ မိနစ်နှစ်ဆယ်လောက်ပဲလိုတော့တာကြောင့် ကော်ဖီတစ်ခွက်အမြန်ဖျော်ပြီး ပေါင်မုန့်နှစ်ချပ်ကို အမြန်နှုန်းနဲ့စားလိုက်သည် ။ အလုပ်လုပ်နေတဲ့ကော်ဖီဆိုင်နဲ့ အိမ်နဲ့က တစ်မှတ်တိုင်လောက်သာဝေးပြီး လမ်းလျှောက်သွားလျှင်တောင်ရောက်နိုင်၏ ။ သျှားက ဒီနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် နှိုးမနေတော့ပဲ ကော်ဖီလေးပဲအသင့်ဖျော်ပေးထားလိုက်သည် ။ သူနိုးတဲ့အခါ အိုဗန်နဲ့နွေးသောက်ရုံပဲဖြစ်သည် ။ မနက်စာကြီးက ခြောက်ကပ်ကပ်ဖြစ်နေတာမို့ ကြက်ဥလေးကြော်ပေးခဲ့ချင်ပေမယ့်လည်း အလုပ်ချိန်ကကပ်နေပြီဖြစ်လို့ ဘယ်လိုမှအဆင်မပြေတော့ပါ ။

ရ င် ခွ င် သ စ် (c o m p l e t e d)حيث تعيش القصص. اكتشف الآن