Unicode:
" အဆင်ပြေရဲ့လား ချာတိတ်.."
နှုတ်ခမ်းတစ်ဖက်ခြမ်းကိုသာ အပေါ်ကိုပင့်တင်လျက်ပြုံးရင်းမေးလာတဲ့မေးခွန်းနောက္မှာ ကျွန်တော်ကခပ်ကြောင်ကြောင်..။ ကျွန်တော်ချော်လဲတာကပဲ ရယ်စရာဖြစ်နေလို့လားဟုတွေးရင်း အခြောက်တိုက်ပြုံးနေတဲ့ ထိုကောင်လေးကိုမကျေမနပ်နဲ့ ဖုတ်ဖတ်ခါပြီးထရပ်လိုက္မိသည် ။
" ဟုတ်ကဲ့ အဆင်ပြေပါတယ် ဆိုင်ကယ်ကြောင့်ဖြစ်တာမဟုတ်ဘဲ ကျွန်တော့ဘာသာချော်လဲသွားတာပါ.. အာ့ ! "
ကိုယ့်ကိုယ်ကို အဆင်ပြေတယ်လို့ထင်ခဲ့ရာမှ ခြေကျင်းဝတ်ကမခံမရပ်နိုင်ဖြစ်ကာ ထပ်လဲကျပြီး အရှက်ကထပ်ကွဲသည် ။
" ချာတိတ်ပုံက အဆင်မပြေတာအသိသာကြီးပဲ ဒီကော်ဖီဆိုင်ကမလား "
ကျွန်တော့ရှေ့မှာ ရပ်ကြည့်နေတဲ့ထိုကောင်လေးက ထပ်ရယ်ပြန်သည် ။ သူများချော်လဲတာရပ်ကြည့်ရတာ တော်တော်ပျော်နေပုံရသည် ။
" ဟုတ်တယ် ဟို..ခင်ဗျားအဆင်ပြေမယ်ဆိုရင်ကျွန်တော့်ကို တစ်ချက်လောက်တွဲ.____ "
ပြောနေသည့်စကားပင်မဆုံးသေးပေ.. ။
ရုတ်တရက်ရှေ့မှာကျောပေးထိုင်လိုက်ပြီး ကျွန်တော့လက်ကိုဆွဲယူကာ ကျကျနနကျောပိုးလိုက်သည် ။စိတ်ထဲတွေးမိသွားသည်က တစ်ခွန်းတည်း.. ။
ဘယ်လိုလူလဲဟ ။" အဟမ်း.. ကျွန်တော်အဆင်ပြေပါတယ် ဒီတိုင်းတွဲပြီးတော့ပဲပို့ပေးပါ "
ပြောနေတာကိုအရေးမလုပ်ဘဲ ဆိုင်ထဲသို့သာဦးတည်ပြီးသွားနေသည် ။ ဒီကောင်လေး နားသိပ်မကြားရတာများလား ။ ကျွန်တော်တို့ဝင်သွားတော့ ဆိုင်ကဝန်ထမ်းလေးများ၏ တအံတဩအကြည့်များကို ဦးစွာရလိုက်သည် ။ အထူးသဖြင့် ကောင်တာမှာထိုင်နေတဲ့မမမြတ်သီတာက ငွေရေသလိုလိုနှင့် ဒီဖက်ကိုတစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်နေတာက ခံရအခက်ဆုံး ။
အခုချိန်ထိ ဘယ်သူမှဂရုမစိုက်ဘဲ သူလုပ်ချင်ရာပဲလုပ်နေတဲ့ကောင်လေးကတော့ ကျွန်တော်ကိုထိုင်ခုံတစ်ခုံမှာ အသာချပေးသည် ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]