Unicode:
အိမ်အမြန်ပြန်ချင်တဲ့ဇောနဲ့ ရှိသမျှအလုပ်တွေအကုန် မနားတမ်းဖိလုပ်လာလိုက်တာ (၆)နာရီမထိုးခင်လေးမှာပဲ အားလုံးပြီးစီးသွားသည် ။ ဇက်ကြောတက် ၊ အညောင်းမိနေပါသော်လည်း လုပ်လာတဲ့သက်တမ်းအရ ဒီလောက်ကတော့မဖြုံတော့ပါ ။
ဆိုဖာပေါ်ကကိုယ်တော်ကို လှမ်းကြည့်လိုက်တော့ အိပ်နေတာများ ပိုးလိုးပက်လက်.. ။ ခပ်ချောချောကောင်မလေးတွေနဲ့ အိပ်မက္ဘာတွေတောင် မက္နေသလားအောက္မေ့ရသည် ။ တစ်ညလုံးကားမောင်းထားရလို့ ပင်ပန်းပြီးအိပ်ချင်နေမှာသိပေမယ့်လည်း ညနေစောင်းကြီးအိပ်လိုက်လို့ ဖျားသွားရင်ဒုက္ခများသွားနိုင်တာမို့ နှိုးဖို့ပြင်ရသည် ။
" သျှား "
" ...... "
" သျှား.. ထတော့ ပြန်ကြမယ် "
" အင်းးး... "
နှိုးနေတာကိုတုတ်တုတ်မှမလှုပ်.. ကလေးပိစိလေးတွေအတိုင်း မျက်နှာကိုရှုံ့တွပြီး တအင်းအင်းတအဲအဲညည်းနေသည် ။ လူကောင်ကြီးနဲ့မှမလိုက် အမြင်ကတ်စရာကောင်းလွန်းနေပေမယ့်လည်း ရင်ထဲကလှိုက်လှုက်လှဲလှဲ တစ်ချက်တော့ပြုံးမိသွားရသည် ။
" သျှား.. သျှား ထတော့လို့ အိမ်ပြန်ရမယ်လေ သျှား ! "
သူ့ကိုယ်လုံးကြီးကိုကိုင်လှုပ်ပြီး နှိုးနေတာတောင် ချော့သိပ်နေတာလို့ထင်နေပုံရသည် ။ နှုတ်ခမ်းလေးတောင် တစ်ချက်တွန့်၍ ပြုံးလာသေးသည် ။ နေပါဦး.. ဘယ်ကကောင်မလေးနဲ့များ ဒီလောက်တောင်ပျော်ရွှင်မြူးတူး._____ ။
" အမေ့ ! "
ဘေးမှာကပ်ထိုင်နေတဲ့ကျွန်တော်ကို သူ့အားကြီးနဲ့ဆွဲချလိုက်တော့ ဗြုန်းခနဲသူ့အပေါ်ကိုမှောက်ရက်ကျသွားရတော့သည် ။
သင်း ဘေးနားမှာ စိတ်လွတ်လက်လွတ်နည်းနည်းလေးမှကို နေလို့မရတာ.. ။
" ဘာလုပ်တာလဲ လွှတ် ! "
" ....... "
အော်လိုက်တာကိုမမှုဘဲ တဟင်းဟင်းနဲ့လူယုတ်မာရယ်နည်းနဲ့ မျက်လုံးမဖွင့်ဘဲ ထရယ်နေပြန်သည် ။
" ဘာရယ်နေတာတုန်း လွှတ်ပါဆို "
" မလွှတ်ပါဘူး ဒီတိုင်းလေးနေရတာသဘောကျလို့ ဟီးဟီး.. "
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]