Unicode:
" ဟယ်လို.."
ဖုန်းကိုင်လိုက်သော်လည်း စိတ်ထဲတွင်ညိုးငယ်နေသော သျှားမျက်နှာသာရှိ၏..။
" အင်း..မောင်မအားဘူးလား အသက်နောက်မှခေါ်လိုက်ရမလား "
မကိုင်ဘူးဟုဆုံးဖြတ်ထားပြီးမှ သျှားကကိုင်ရန်ပြောလာေသာေကြာင့် ဖုန်းခေါ်နေသည့်အသက်ကိုလည်းအားနာသည်နှင့်ကျခါနီးမှ ကိုင်ဖြစ်သွားတော့ အသက်က အလိုက်သိစွာမေးလာလေသည် ။
အသက်နဲ့ဖုန်းမပြောရတာ တစ်ပတ်ပင်ကျော်နေလောက်ပြီ ။
" မဟုတ်ပါဘူး မောင်မကြားလိုက်လို့ပါ "
" သြော် "
"........."
" ဟက်ပီးဘတ်ဒေးနော်မောင်.. အသက်နောက်ကျသွားတယ် မနက်ကလုံးဝမအားလို့ ဒီနေ့ဘာတွေလုပ်ဖြစ်လဲမောင် ဆွမ်းရောလောင်းဖြစ်တယ်မလား "
" အင်း (၇)နာရီလောက်မှ သီဟနဲ့ဘုရားသွားဖို့လုပ်ထားတယ် "
" ေၾသာ္.. အသက်မောင့်ဘေးမှာ ရှိမပေးနိုင်တာတောင်းပန်ပါတယ်မောင်ရယ် အမှန်ဆို မွေးနေ့လေးတော့ပြန်လာပြီး အတူရှိပေးသင့်တာကို "
" မဟုတ်တာ.. အလုပ်နဲ့သွားတာပဲကို "
" အင်း အသက်လည်းပြန်လာချင်ပါတယ် အခြေအနေကမပေးဘူးဖြစ်နေတာ "
" အင်း.. ဟို အသက် မောင်နောက်မှပြန်ဆက်လိုက်မယ်နော်ကားပေါ်မှာမို့လို့ "
" အာ.. ဟုတ်လား ဟုတ်ဟုတ်အဲ့တာဆိုဒါပဲနော် မွေးနေ့တိုင်းမှာပျော်ရွှင်ပြီးတော့ အသက်ရာကျော်နေရပါစေ မောင် "
" အင်း.. ပေးတဲ့ဆုနဲ့ပြည့်ပါစေ "
အသက်နဲ့ဖုန်းပြောရတဲ့အခေါက်တွေမှာ ဒီတစ်ကြိမ်ကတော့ဖြင့် ရင်ထဲ၌မီးမြိုက်ထားသလို ပူလောင်နေခဲ့ပါသည် ။ ဘာလို့လဲတော့.. ကိုယ်ကိုယ်တိုင် အဖြေရှာမတွေ့သေးသလို ရှာလည်းမရှာချင်သေး ။ ရှာတွေ့နေခဲ့ပြီဆိုလျှင်တောင် လက္မခံချင်သေးပေ ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]