Unicode:
ဒီနေ့ အသက်တောင်ကြီးက ပြန်လာမည့်နေ့ဖြစ်သည် ။ ချစ်သူဆိုတဲ့ရာထူးတာဝန်အတိုင်း လေဆိပ်ကိုအချိန်မှီကြိုဖို့အတွက် သူသွားသည် ။ စာမေးပွဲဖြေဖို့ဆယ်ရက်လောက်ပဲလိုတော့တဲ့ သျှားကြောင့် အပြန်ကျရင် စာသင်ချိန်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ဝင်ပေးရမည်ဖြစ်သည် ။
ရန်ကုန်-ဟဲဟိုးလေယာဉ်ဆိုက်ကပ်ပြီဟု ပြောသံကြားတာနဲ့ မတ်တပ်ရပ်လိုက်ပြီး အသက်မြင်သာလောက်မယ့် 'ဆိုက်ရောက်'အပေါက်ဝနားမှာ သွားစောင့်နေလိုက်သည် ။
မကြာမီအချိန်မှာပဲ လပေါင်းများစွာဝေးကွာနေခဲ့တဲ့ သူ့ချစ်သူကောင်မလေးကို လူအုပ်ကြားထဲကနေပဲ ထင်းခနဲတွေ့လိုက်ရတော့သည် ။ တကယ်ဆို ဒီလိုအချိန်မှာ မမြင်တွေ့ရတာကြာနေတဲ့ အသက်ကိုတွေ့ရဖို့ သူရင်တွေခုန်နေသင့်တာမလား ။ ဒါပေမယ့် ဘာလို့.. ။
အသက်က နည်းနည်းလေးပိန်သွားတာကလွဲလို့ အရင်အတိုင်းပါပဲ ။ မြန်မာဝတ်စုံကိုပဲ ပါးလှပ်လှပ်ကိုယ်လေးပေါ်မှာ ချပ်ရပ်စွာဝတ်ဆင်ထားတုန်း.. ။ ပိတုန်းရောင်ဆံနွယ်တွေ ခါးလောက်ထိရှည်နေပြီဖြစ်ပြီး ထုံးစံအတိုင်း တစ်ဝက်သာစုချည်ထားသည် ။
ခရီးဆောင်အိတ်အမဲရောင်ကို ညာဘက်လက်မှဆွဲလျက် တစ်ချက်တစ်ချက်လက်ကနာရီကို လှမ်းလှမ်းကြည့်နေသည် ။ ကျွန်တော်မရောက်သေးဘူးလို့ ထင်နေပုံရတာမို့.. ဖုန်းခေါ်ပြီး လက်ကိုဝှေ့ယမ်းပြလိုက်တော့မှ မြင်သွားပုံရသည် ။
အရင်ကအတိုင်းပဲ.. အသက်ကကျက်သရေရှိစွာလှနေဆဲ ။ ကျွန်တော့ကိုပြုံးပြတဲ့ အသက်ရဲ့အပြုံးတွေက အသက်ဝင်နေဆဲပဲ ။
" ရောက်နေတာကြာပြီလား.. မောင် "
" မကြာသေးပါဘူး မောင်လည်းခုနကမှရောက်တာ "
အသက်လက်ထဲမှ ခရီးဆောင်အိတ်ကိုလွှဲပြောင်းယူရင်း ကားပါကင်ရှိရာသို့ သူကပဲဦးဆောင်ပြီးထွက်လာလိုက်သည် ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]