Unicode:
" အွန်း.. တော်..တော်ပြီလေ သျှား "
" ...... "
" သျှား တော်.__ အင်း~ "
" ....... "
မိနစ်ချီလာတဲ့အနမ်းကြောက တော်တော်လေးကြာနေပြီမို့ အသက်ရှူရလည်းခက်လာခဲ့ပြီ ။ လွတ်ရင်လွတ်တဲ့အချိန် သျှားရင်ဘတ်ကြီးကိုတွန်းထုတ်ပြီး ရပ်ဖို့သတိပေးနေပေမယ့် တစ်စက်မှနားမဝင်ဘဲ သူ့အလုပ်ကိုသာ တာဝန်ကျေအောင်ဆက်လုပ်နေတာကြီးက ပိတ်ရိုက်ပစ်ချင်စရာကောင်းလှသည် ။ အတွေးနဲ့အတူ လက်ကသူ့ရင်ဘတ်ကို ခပ်ဆတ်ဆတ်လေးငါးကြိမ်လောက် ရိုက်ပြီးနေပြီ ။
" ကျစ် ! ဘာဖြစ်နေတာလဲကိုခန့်ရာ "
ရိုက်လိုက်တာမနာပေမယ့် လူးလွန့်နေတဲ့ကျွန်တော့ကြောင့် သူဒေါသထွက်သွားတဲ့ပုံပဲ ။
မတားလို့လည်းမရတော့ပါ ။
ပွဲချိန်ကတော်တော်လေးနီးကပ်နေပြီဖြစ်သည် ။
ကျွန်တော်လာတုန်းကတောင် ဟိုတယ်အသိုင်းအဝိုင်းကလူကြီးအချို့ အတော်အသင့်ရောက်နှင့်နေကြပြီးဖြစ်သည် ။ Angela တို့ မိသားစုကတော့ ကျွန်တော်နဲ့ရှေ့ဆင့်နောက်ဆင့်ရောက်လာခဲ့ကြတာကို တွေ့လိုက်ရသည် ။အနီးကပ်ဆုံးအခြေအနေမှာရှိနေပါသော ဝတ်စုံပြည့်ဆင်ယင်ထားတဲ့ သျှားရဲ့မှုန်ကုပ်ကုပ်မျက်နှာက ချောမောခံ့ညားမှုတွေကို အထင်းသားမြင်တွေ့နေရ၏ ။ ဆူပုတ်နေတဲ့မျက်နှာထက်မှာ မျက်ခွံတွေပေါ်အထိကျနေတဲ့ ခပ်နက်နက်ဆံပင်လေးတွေကို လက်နဲ့အသာသပ်တင်ပေးလိုက်ရင်း ချော့ပြောလိုက်ရသည် ။
" အောက်မှာပွဲလုပ်ဖို့ လူကြီးတွေစောင့်နေတယ်လေကွာ.. (၇)နာရီ (၁၅)တောင်ကျော်နေပြီ "
အနည်းငယ်တွန့်ပွသွားတဲ့ သူရဲ့ဝတ်စုံပြည့်အင်္ကျီကိုပါ တိကျသေသပ်သွားအောင် သေချာပြုပြင်ပေးလိုက်သည် ။
" ကျစ် ! နည်းနည်းလေးတောင် အလွမ်းမပြေသေးတဲ့ဟာကို.. ရှုပ်လိုက်တာဗျာ အဲ့ပွဲကြီးက "
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]