Y.K.T~[7]

12.3K 835 13
                                    

Unicode:

💬 ဒီ​နေ့​မလာ​တော့ဘူး သိပ်​နေမ​ကောင်းလို့
လုပ်​စရာရှိတာ​တွေ ကိုယ့်​ဟာကိုယ်​ပဲလုပ်​ထားလိုက်​တော့..။

ညက​ရေချိုးခန်းမီးသီးကျွမ်းသွား၍ တက်​လဲရာ ခုံ​ပေါ်မှအဆင်း​ခြေ​ချော်​ကျသွား၍ ညတွင်းချင်း​ဆေးရုံပြေးလိုက်​ရသည်​ ။ အခြေအနေက ကျိုးသွားတာမို့လို့ ကျောက်ပတ်တီးစည်းထားရပြီး ဒီနေ့အထိနာနေသေးတာကြောင့် စာသင်၍အဆင်မပြေသေးပါ ။ သျှားကိုချက်ချင်းကြီးပြောလိုက်ရင် စိတ်တအားပူနေမှာစိုးတာကြောင့် မက္ဆေ့ချ်လေးသာပို့ထားလိုက်တော့သည် ။

" ဖိုးခန့်​ရေ...​အောက်​မှာသားတပည့်​ဆိုတာ​ရောက်​နေတယ်​ မေ​မေအခန်းထဲလွှတ်​လိုက်​ရမလား.. သားအောက်ဆင်းလာမလား "

ခဏအကြာမှာပဲ အခန်းတံခါးဝလေးမှာ ခေါင်းပြူပြီးပြောလာတဲ့မေမေ့စကားကြောင့် သူတော်တော်လေးစဉ်းစားယူလိုက်ရသည် ။

တပည့်​.. ။
တပည့်​ဆိုလို့ဒီနှစ်​မှာ သျှားစစ်​သွေးတစ်​ယောက်​ပဲသင်​နေတာဆိုတော့ သျှားစစ်​သွေးများလား ။ ဒါမှမဟုတ် အရင်​တပည့်​ဟောင်းတစ်ယောက်ယောက်ကို ဆိုလိုတာလား ။

" ဟုတ်​မေ​မေ.. ဒီကိုပဲလွှတ်​လိုက်​လေ "

ခဏကြာ​တော့ ဝင်​လာတဲ့တပည့်ဖြစ်သူက ရောက်​ရောက်​ချင်းပဲ အခန်းတံခါးဝက​နေ ကျွန်​တော်​ထိုင်​နေ​သောကုတင်​ပေါ်သို့ ဗြုန်းဆို​ရောက်​ချလာတော့သည် ။ ဒီလောက်ပျာယာတွေခတ်နေတာ သေချာပေါက်သျှားစစ်သွေးပဲပေါ့ ။

" ကိုခန့်​ !
ဒါလား သိပ်​နေမ​ကောင်းတာ လက်ကျိုးသွားတာလို့ပြောတယ် ကိုခန့်​ကဗျာ..ဒီလောက်ဖြစ်နေတာတောင် လိမ်ပြောနေသေးတယ် အခု​ရောဘယ်​လို​နေ​သေးလဲ အရမ်းနာ​နေ​သေးလား "

ဖခင်သဖွယ်ဆူပူနေပါတဲ့ သျှားစစ်သွေးကိုကြည့်ရင်း သူတောင်ခေတ္တခဏ ကြောင်အသွားခဲ့ရသည် ။

" ငါကမင်းစိတ်​ပူမှာစိုးလို့ မနက်​ဖြန်​တွေ့မှ​သေချာ​ပြောပြမလို့ပါ.. အခုလည်းအရမ်း​မနာ​တော့ပါဘူး ကျောက်​ပတ်​တီးက​တော့ တစ်​လခွဲ​လောက်​စည်းရမယ်​ပြောတယ်​ ဒါနဲ့မင်းကငါလက်​ကျိုးတယ်​ဆိုတာ သိလို့​ရောက်​လာတာလား "

ရ င် ခွ င် သ စ် (c o m p l e t e d)حيث تعيش القصص. اكتشف الآن