Unicode:
မျက်စိရှေ့ကမြင်ကွင်းကြောင့် မျက်ရည်အချို့ရစ်သိုင်းလာပေမယ့် ချက်ချင်းပဲမျက်တောင်မှိတ်ခတ်လိုက်ကာ ကျသွားတဲ့ကားသော့ကို ချက်ချင်းပင္ကုန်းကောက္မိသည် ။ သော့ကောက်နေချိန်အတွင်း စီအီးအို ကုတင်ပေါ်မှဆင်းလိုက်တယ်ဆိုတာကို ထွက်လာတဲ့ လှုပ်ရှားမှုအသံများအရ သိလိုက်ရသည် ။
" အသက်.. "
ခေါင်းပြန်မော့လိုက်ချိန်မှာတော့ လူနာကုတင်ပေါ်မှာရှိနေဆဲ မောင်က မဝံ့မရဲနှင့်ခေါ်လာခဲ့ပါသည် ။ စီအီးအိုကတော့ မောင့်ကုတင်ဘေးမှာ အားတုံ့အားနာမျက်နှာထားဖြင့် မတ်တပ်ရပ်နေဆဲ ။
" စီအီးအို ရောက်နေတာကိုး "
အေးစက်နေတဲ့ ဆေးရုံခန်းအတွင်းမှအနေအထားကို စကားတစ်ခွန်းနဲ့ပြုံးပြုံးလေးပြောကာ ပြောင်းလဲပစ်လိုက်သည် ။ ရင်ထဲမှာတော့ သွေးသံရဲရဲထွက်နေသလိုမျိုး တဆတ်ဆတ်နာကျင်နေတာမို့ အပြုံးတွေကအသက်ဝင်နိုင်မယ်မထင်ဘူး ။
ချက်ချင်းဆိုသလို မောင့်ကုတင်ခြေရင်းက ရေခဲသေတ္တာဆီသို့ လျှောက်သွားလိုက်ပြီး ဝယ်လာတဲ့အသီးတွေကို တုန်ရီနေတဲ့လက်တွေနဲ့ပဲ မြန်မြန်ဆန်ဆန် ထည့်ပစ်လိုက်သည် ။
" မောင်ကြိုက်တဲ့အသီးလေးတွေဝယ်လာတယ် ချုပ်ရိုးလည်းကျက်ခါနီးပြီဆိုတော့ စားလို့ရလောက်ပါပြီ ဟုတ်တယ်မလားမောင် "
" အင်း ရ..ပါပြီ "
စကားကူလှမ်းတောင်းလိုက်တဲ့မောင်က ခဏကြာပြီးတော့မှ ကြောင်အအ,အဖြေပြန်ပေးလာသည် ။
" ထိုင်.. ထိုင်ဦးလေ အသက် "
" ကျွန်တော်ခဏအပြင်ထွက်.___ "
" နေပါစေ စီအီးအို ! "
ဖြတ်ပြောလိုက်တဲ့သူ့စကားကြောင့် စီအီးအို၏ခြေလှမ်းများ တုံ့ခနဲရပ်သွားတာကို သတိထားမိလိုက်ပေမယ့် သူမောင့်မျက်နှာတည့်တည့်ကိုပဲကြည့်ပြီး စကားဆက်ပြောလိုက်သည် ။
" မထိုင်တော့ဘူးမောင်ရဲ့ အသက်ဟိုတယ်မှာ အရေးကြီးအလုပ်ကိစ္စတွေရှိနေလို့ စောစောထွက်လာတာ အဲ့တာမောင့်ကိုလည်းမတွေ့ရတာကြာပြီဆိုတော့ ခဏလှည့်ဝင်လာလိုက်တာ.. အခုမျက်နှာလည်းတွေ့ရပြီဆိုတော့ အသက်ပြန်တော့မယ် "
BẠN ĐANG ĐỌC
ရ င် ခွ င် သ စ် (c o m p l e t e d)
Tiểu Thuyết Chungသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]