Unicode:
ဥတုကာလမှာ ဆောင်းရာသီအလယ်ကြီးသို့ ရောက်ရှိနေသည် ။
မနက်ခင်းငှက်ကလေးများရဲ့တေးဆိုသံ ပကျိပကျိလေးများကိုကြားလိုက်ရတာနဲ့ (၅)နာရီထိုးပြီဆိုတဲ့အသိအတူ နှိုးစက်သံတစ်ခုဖြင့် တာဝန်တစ်ခုကဝင်ရောက်လာလေပြီ ။ ရာသီဥတုအေးလွန်းလို့ မထချင်ပေမယ့် ထကိုထရမယ့်ဝတ္တရားက ကပ်ပါနေသည် ။
အရင်လိုပေါ့ပေါ့ပါးပါး ကော်ဖီဆိုင်လေးကို အလုပ်ဆင်းခဲ့ရတဲ့နေ့ရက်များလည်း ကုန်လွန်ခဲ့လေပြီ ။ လေးပင်တဲ့တာဝန်ဝတ္တရားတွေမရှိတဲ့ Barista ဘဝကနေ 'Royal Rose' ရဲ့ရှေ့နေလည်းတစ်ဖြစ်..၊ ဖေဖေ့ကိုယ်စား ဥက္ကဌရဲ့အတွင်းရေးမှူးနေရာလည်းတစ်ဖြစ်.. တာဝန်ထမ်းဆောင်ခဲ့ရတာတောင် (၅)လပင်ပြည့့်လုနီးခဲ့ပြီ ။
ကားအက်စီးဒန့်တစ်ခုကြောင့် ဖေဖေအိပ်ရာထဲလဲသွားချိန်ကစပြီး သူတို့အိမ်မှာ အပြောင်းအလဲကြီးကြီးတစ်ခု ဖြစ်သွားတယ်လို့ပဲပြောရမှာပေါ့ ။
ဖေဖေနေကောင်းစဉ်တုန်းက ဟိုတယ်မှာအမှုတစ်ခုရင်ဆိုင်နေရချိန်.. ရှေ့နေဘွဲ့ယူထားပြီး ရှေ့နေမလုပ်ချင်လို့အေးအေးဆေးဆေးပဲ ဘဝကိုဖြတ်သန်းခဲ့တဲ့ကျွန်တော်က ဖေဖေအကူအညီတောင်းခဲ့လို့ ထိုအမှုကိုဖြေရှင်းပေးလိုက်ရာမှပြေလည်သွားခဲ့သည် ။ ဥက္ကဌကလည်း အဲ့အချိန်တည်းကစပြီး သူ့ကိုဟိုတယ်မှာအလုပ်လာဆင်းဖို့ ကမ်းလှမ်းနေခဲ့တာဖြစ်သည် ။
ကုမ္ပဏီအလုပ်တွေကို သဘောမကျတာမို့ အပြတ်ငြင်းခဲ့ပေမယ့်လည်း အခုဖေဖေအိပ်ရာထဲလဲနေချိန်မှာ အန်ကယ်ဦးကောင်းမြတ်သွေးက အိမ်တိုင်ရာရောက်လာပြီး.. ကျွန်တော့ကို သူတို့ကုမ္ပဏီရဲ့ရှေ့နေအဖြစ်လုပ်ပေးရန်နဲ့ လစ်လပ်နေတဲ့ဖေဖေ့နေရာကိုပါအစားထိုးဝင်ပေးပါဆိုပြီး အကူအညီတောင်းလာလေတော့ ထပ်ပြီးငြင်းဆန်လို့မရခဲ့တော့ပေ.. ။
ဖေဖေ့ရဲ့အက်စီးဒန့်က အလုပ်ချိန်အတွင်းဖြစ်သွားခဲ့တာမို့.. အက်စီးဒန့်ဖြစ်ချိန်မှစလို့ ဆေးရုံစရိတ်ကိစ္စအဝဝကို ကုမ္ပဏီဘက်ကပဲအကုန်တာဝန်ယူပြီး ဖြေရှင်းပေးသည် ။ ဖေဖေကလည်းနံရိုးငါးချောင်းလောက်အထိကြေသွားခဲ့ပြီး ခြေထောက်တစ်ဖက်ကျိုးသွားခဲ့တာမို့ ရှေ့လျှောက်အလုပ်ပြန်လုပ်ဖို့တောင် အဆင်မပြေနိုင်တော့ပါ ။
أنت تقرأ
ရ င် ခွ င် သ စ် (c o m p l e t e d)
قصص عامةသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]