Y.K.T~[30]

11.7K 909 129
                                    

Unicode:

ဖုန်းမပါသွားတဲ့ကိုခန့်​ကို ခပ်​ကြာကြာမရှာလိုက်​ရ ။ ကား​ရှေ့မှာမှီပြီး ဟိုကြည့်​ဒီကြည့်​လုပ်​နေတာကို​တွေ့လိုက်​ရသည် ။ အားအင်တို့ယုတ်လျော့နေတဲ့ ခပ်​ဖြည်းဖြည်း​ခြေလှမ်းတွေနဲ့ပဲ ကိုခန့်​ရှိရှာကိုလျှောက်​သွားလိုက်​တော့ ကျွန်​တော့ကို​မော့ကြည့့််​ပြီးပြုံးပြလာခဲ့သည် ။

​နွေး​ထွေးလွန်းစွာ ။

ဖြူစင်လွန်းစွာ ။

တောက်ပလွန်းစွာ ။

ရွှင်လန်းအေးချမ်းနေတဲ့ ကိုခန့်မျက်နှာလေးကို အပြုံးနုနုတစ်ခုနဲ့ တွဲဖက္မြင်လိုက်ရမှပဲ ရင်ထဲကအပူတွေက တစ်ဟုန်ထိုးခုန်ဆင်းသွားတော့၏ ။

သူ ဒါကိုလိုအပ်နေတာ.. ။
လောင်မြိုက်နေတဲ့သူ့ရင်ဘတ်ထဲ ဒီအေးချမ်းမှုလေးကို သူတကယ်လိုအပ်နေခဲ့တာဖြစ်သည် ။

" ဟင်​.. ဘာ​တွေဒီ​လောက်​ကြည့်​နေတာလဲဘိုးတော် လူကိုမမြင်​ဖူးဘူးလား "

သူ့ကိုတ​မေ့တ​မော​ငေးကြည့်​နေတဲ့ ကျွန်​တော့ကို ကိုခန့်က ရယ်​သံစွက်​ပြောလာ​လေသည် ။

ရှပ်​အင်္ကျီ​ဖွေး​ဖွေးနှင့် စတိုင်ဘောင်းဘီအနက်​ရောင်​ကို ခါးပတ်​အကူအညီဖြင့် တွဲဖက်​ဝတ်​ဆင်​ထားခြင်းက ယောက်ျားတစ်​ယောက်​ရဲ့တည်​ကြည်​ခံ့ညားမှုတွေအပြည့်.. ။ ရှပ်​အဖြူစွတ်​စွတ်​က အသားအ​ရေရဲ့ဖြူ ဝင်းမှု​ကြောင့်​ မှေးမှိန်​သွားသ​ယောင်​တောင်ထင်​ရ၏ ။ ဖြူလွလွလက်​ကောက်ဝတ်လေးမှာ နာရီအနက်​ရောင်​လေးတစ်​လုံးက​ တောက်​ပစွာတည်​ရှိ​နေသည် ။ ​လှိုက်​လှဲစွာရယ်​လိုက်​ခြင်းရဲ့အဆုံးသတ်​မှာ ကျွန်​တော့မူပိုင်​ဟု ကိုယ်​ကိုယ်​တိုင်​သတ်​မှတ်​ထား​တဲ့ ချစ်​စရာ သွားတက်​လှလှလေးတွေက ထင်ထင်​ရှား​ရှားပေါ်လွင်​လာတော့သည် ။

ဒီလိုအပြုံးတွေကပဲ သူ့ဘဝကြီးတစ်ခုလုံး လင်းထိန်တောက်ပလာအောင်လုပ်ပေးခဲ့တာကို ဒယ်ဒီမသိနိုင်ပါဘူး ။ တစ်လောကလုံးလည်း နားလည်ပေးနိုင်ကြမယ်မထင်ဘူး ။

" ဟာ.. သျှားစစ်​သွေး "

တုတ်​တုတ်​မှမလှုပ်​တဲ့ ကျွန်​တော့မျက်​နှာ​ရှေ့.. ကျွန်​တော်​မြတ်​နိုးတန်​ဖိုးထားရလွန်း​တဲ့ သူ့လက်ဖြူလွှလွှ​လေးတစ်ဖက်ကို ဝှေ့ယမ်းပြလာ၏ ။

ရ င် ခွ င် သ စ် (c o m p l e t e d)Où les histoires vivent. Découvrez maintenant