Unicode:
Start day 2️⃣ to leave from him .
17-June-2026 ( သောကြာနေ့ )
🕖 6 : 48 am.မနက္မိုးလင်းပြီဆိုတဲ့အသိတစ်ခုဝင်လာတာနဲ့ ထဖို့ပြင်ရတော့မည် ။ တခြားကြောင့်တော့မဟုတ်.. ။ သျှားဖို့မနက်စာကောင်းကောင်းလေး ပြင်ပေးရန်အတွက်ဖြစ်သည် ။
လူကမျက်လုံးမဖွင့်ရသေးပေမယ့် ရင်ဘတ်ပေါ်မှာလေးလေးလံလံအရာကြီးတစ်ခု လာတင်နေမှန်းတော့ ခံစားလို့ရနေသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အိပ်ချင်မူးတူးဖြစ်နေရာကနေ အသံထွက်ပြီးရယ်မိမလိုတောင်ဖြစ်သွားရ၏ ။
သျှားတစ်ယောက်ကလေ.. အသက်ကသာသုံးဆယ်နားကပ်နေတာ တကယ့်ကလေးအတိုင်းပဲ ။ ရုပ်ရှင်တွေထဲကလို ကျွန်တော်ကသူ့ရင်ခွင်ထဲမှာ ရိုမန့်တစ်ဆန်ဆန်နိုးလာရခြင်းတော့မဟုတ် ။ သူ့လက်ကြီးတစ်ဖက်က အရင်းကနေစပြီးတော့ ကျွန်တော့ရင်ဘတ်ပေါ်ကိုပစ်တင်ထားတာ ။
ခြေထောက်တစ်ဖက်က ကျူးကျူးကျော်ကျော် ကျွန်တော့ဖက်ကို တော်တော်ရောက်နေပြီး နောက်တစ်ဖက်က ကုတင်အောက်ကိုတန်းလန်းကြီးကျနေကာ ကားယားကြီးဖြစ်နေသည် ။ နောက်လက်တစ်ဖက်ကတော့ သူ့ရင်ဘတ်ပေါ်သူတင်ထားပြီး ခေါင်းကြီးမော့လို့ပါးစပ်အဟောင်းသားအိပ်နေတာဖြစ်သည် ။ တစ်ထည်တည်းသောစောင်ကတော့ သူ့အပေါ်မှာရော ကျွန်တော့ပေါ်မှာပါရှိမနေဘဲ သူ့ခြေရင်းအောက္မှာသာ အလုံးလိုက်၊အထွေးလိုက်ရှိနေ၏ ။ မုန်းချင်စရာကောင်းတာက ဒီလောက်ရုပ်ပျက်ဆင်းပျက်အိပ်နေတာတောင် ချောနေနိုင်သေးတာပဲ ။
ကျွန်တော့ပေါ်ကသူ့လက်ကြီးကို ဖြည်းဖြည်းချင်းချပြီးထလိုက်ရင်း ပြတင်းပေါက်လိုက်ကာကြီးကို အသာလှပ်ကြည့်လိုက်တော့ အပြင်မှာမိုးဖွဲဖွဲလေးကျလို့နေသည် ။ နေလုံးကြီးကိုမြင်နေရမယ့်အချိန်မှာ ကောင်းကင်ကြီးကမှောင်မှဲနေတော့ ဒီနေ့တစ်နေ့လုံးတော့ နေရောင်ကိုမြင်ရမယ်မထင်ပါ ။ ဇွန်လရဲ့ မိုးရွာသွန်းမှုလုပ်ငန်းကတော့ စနေပြီနဲ့တူပါရဲ့.. ။
ဒါကြောင့်မို့ အထဲကအဲကွန်းအအေးဓါတ်နဲ့ပေါင်းပြီး ချမ်းစိမ့်စိမ့်ဖြစ်နေရခြင်းဖြစ်မည် ။ သျှားကို စောင်သေချာပြန်ခြုံပေးလိုက်ပြီး မနက်စာအတွက် ဒီအိမ်ရာဝန်းထဲကစီးတီးမတ်လေးဆီကို သွားဖို့ပြင်ရသည် ။
ČTEŠ
ရ င် ခွ င် သ စ် (c o m p l e t e d)
Beletrieသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]