Unicode:
💬 ဒီည ဘယ်အချိန်လောက်ဆိုအားမလဲ ။
Angela ကိုအကူအညီတောင်းထားတာက သပ်သပ်ဖြစ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ရှေ့ဆက်ပြီးဘယ်လိုမျိုးဆက်လျှောက်ရမလဲဆိုတာ တစ်ဖက်ကစဉ်းစားနေရသည် ။ ရုံးခန်းထဲထိုင်နေပြီး အတွေးကောင်းနေတဲ့အချိန် ကိုခန့်ဆီကမက္ဆေ့ချ်ဝင်လာတာမို့ ကိုခန့်အသံလည်း ကြားချင်နေတာကြောင့် စာပြန်မနေတော့ဘဲ ချက်ချင်းပဲဖုန်းခေါ်လိုက်တော့သည် ။
" ဟယ်လို "
" အင်း.. ဘာဖြစ်လို့လဲ အားပါတယ် ဘယ်သွားစရာရှိလို့လဲ "
" မဟုတ်ပါဘူး ဒီနေ့ညနေ မေမေတို့ကခရီးသွားကြမှာဆိုတော့ အဲ့တာအဲ့မှာလာအိပ်ရင်ကောင်းမလားလို့..
မင်းကဒီနေ့ဘယ်ကိုပြန်မှာလဲ "" ကိုခန့်ကအခုဘယ်မှာလဲ ကျွန်တော်လာခေါ်မယ်.. တစ်ခုခုသွားစားပြီးမှ ကွန်ဒိုကိုပြန်လိုက္မယ်လေ "
" အခုကအိမ်မှာ.. ဒါပေမယ့်အိမ်ကိုမလာနဲ့တော့ "
" ဟင်.. ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ပါဘူး မေမေတို့ခရီးသွားဖို့ပြင်တာတွေ ဘာတွေနဲ့ဆိုတော့ အိမ်မှာရှုပ်နေလို့ ငါပဲလမ်းထိပ်ထွက်လာခဲ့လိုက္မယ် လမ်းထိပ်ကပဲစောင့်နေ.. "
" ဪ.. ပြီးရောလေ ဒါနဲ့အန်တီတို့ကဘယ်ကိုသွားကြမလို့လဲ ရုတ်တရက်ကြီးပါလား "
" အင်းဟုတ်တယ် ဒီတိုင်းဘုရားဖူးသွားတာပါ ရုတ်တရက်ကြီးထွက်ဖြစ်သွားတာ "
" ဪ "
" အဲ့တာဆို လမ်းထိပ်ကပဲစောင့်နေနော် ရောက်ရင်ဖုန်းတစ်ချက်လှမ်းဆက်လိုက် "
" အင်းအင်း.. ပြီးရော အဲ့တာဆိုကိုယ်အခုထွက်လာပြီ "
" ဟုတ် "
နေမကောင်းဖြစ်တာ သက်သာရဲ့လားတောင်မမေးလိုက်ရ.. ။
ကိုခန့်နဲ့ကျွန်တော် အသက်အတန်ငယ်ကွာတာမှန်သည် ။ ဒါပေမယ့် ဘာကြောင့်ရယ်တော့မသိ.. ။ ကိုခန့်က အလုပ်ကိစ္စကြောင့်မဟုတ်ဘဲ အဲ့လို 'ဟုတ်' လို့ပြန်ပြန်ပြောတိုင်း စိတ်ထဲအလွန်ကြည်နူးမိသလို နွေးလည်းနွေးထွေးရသည် ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]