Unicode:
မျက်စိရှေ့မှာမြင်နေရတဲ့ စိမ်းစိမ်းစိုစို လက်ဖက်စိုက်ခင်းကြီးကိုကြည့်ပြီး စိတ်အစဉ်ကအေးချမ်းလတ်ဆတ်လျက်.. ။
ဒီလက်ဖက်စိုက်ခင်းကြီးက လေးမောင်တို့အိမ်နဲ့သိပ်မဝေးပေမယ့် စက်ဘီးနဲ့သွားမှသာအဆင်ပြေနိုင်တာမို့ သီဟမနိုးသေးတာနဲ့ပဲ အပျင်းပြေစက်ဘီးလေးစီးရင်း တစ်ယောက်တည်းထွက်လာခဲ့လိုက်သည် ။ လေးမောင်တို့အိမ်ကို မနေ့ကညမိုးချုပ်မှရောက်တာဖြစ်ပြီး နှစ်ရက်လောက်တော့ အိမ်မှာအေးဆေးနားဦးဆိုတဲ့ လေးမောင်ရဲ့စကားကြောင့် ဒီလိုတောင်ပေါ်ဒေသရဲ့ လတ်ဆတ်သင်းပျံ့တဲ့လေတွေကို တစ်ဝကြီးရှူရှိုက်ရင်း အပြည့်အဝအနားယူနေရတာဖြစ်သည် ။
ရာသီဥတုကလည်း နေလို့ထိုင်လို့တော်တော်လေးအဆင်ပြေသလို ရန်ကုန်လိုမျိုး နေရာတိုင်းမှာစီတန်းကြပ်ညပ်နေတဲ့ကားတွေရယ် ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပေါင်းစုံရယ် ၊ တိုက်အမြင့်အဆောက်အဦးအမြင့်ကြီးတွေရယ် ၊ များပြားလွန်းလှတဲ့လူဦးရေတွေ ၊ အဲ့ဒုက္ခတွေ ဒီမှာဘာဆိုဘာမှမရှိတာမို့.. နေရတာ အရမ်းအေးချမ်းလွန်းတယ်လို့ပြောရမည် ။ တစ်သက်လုံးအပြီးနေသွားချင်တဲ့အထိ ရှုခင်းတေွကဖမ်းစားနေသေးတော့ ကလောမြို့ကို မြန်မာနိုင်ငံရဲ့ဆွစ်ဇာလန်ဆိုပြီး သတ်မှတ်ကြတာအပိုမဟုတ်မှန်း အခုမှတကယ်နားလည်လာရတော့သည် ။
ကလောကို သျှားတို့နဲ့ခရီးထွက်ပြီး နှစ်လလောက်ကြာမှလာဖြစ်ခဲ့သည် ။ ကောင်းစက်က ဒီမှာပဲအပြီးနေတော့မယ်ဆိုပြီး ဟိုကို ယူစရာရှိတာပြန်ယူဖို့ ခဏပြန်သွားတာမို့ ကောင်းစက်ပြန်လာမယ့်အချိန်ကိုစောင့်ရင်းနဲ့ပဲ ကြန့်ကြာသွားရသည် ။ ကောင်းစက်ကအပြီးနေတော့မှာဆိုတော့ ဒီခရီးမှာ ကော်ဖီဆိုင်အတွက်နောက်ဆံတင်းစရာမလိုပဲ.. အေးအေးဆေးဆေးနေလို့ရတာက အားသာချက်ပင်ဖြစ်တော့သည် ။ လေးမောင်ကလည်း ပျော်သလောက်နေလို့ပဲပြောထားတော့ အခုထိပြန်မယ့်ရက်က တိတိကျကျမရှိသေးပေ ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]