Unicode:
" ကြွလာတော်မူပါပြီလား.. ရှေ့နေကြီး "
ကျွန်တော့ကိုမြင်တာနဲ့ မျက်နှာစပြောင်လာတဲ့ သီဟစကားကြောင့် မရယ်မပြုံးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့နှုတ်ခမ်းသားတွေလည်း အခုမှပဲအလုပ်ရသွားတော့သည် ။ သီဟကတော့ အသက်(၃၁)ဖြစ်နေတာတောင် အခုထိကျွန်တော့ကိုစနောက်လို့ကောင်းဆဲ.. ။
" ကြွရတယ်ကြွရတယ်.. ငါ့ဆိုင်ကကော်ဖီကို အရမ်းလွမ်းနေပြီ မသောက်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ "
" ဖျော်တိုက်မှာပါကွာ ဖြည်းဖြည်းပေါ့ သွား..ဟိုမှာသွားထိုင်စောင့်နေ "
သီဟပြောလိုက်တော့ ကျွန်တော်ထောင့်ကျကျခုံလေးမှာပဲသွားထိုင်လိုက်တော့သည် ။ အချိန်ကလည်းအတော်နှောင်းနေပြီမို့ ဆိုင်မှာလူအနည်းငယ်ရှင်းစပြုလာပြီ ။ ခပ်တိုးတိုးသာပျံ့လွင့်နေတဲ့ တေလာဆွစ်ဖ်ရဲ့ 'Last Christmas' သီချင်းက တစ်စုံတစ်ယောက်ကိုလွမ်းဆွတ်စေဖို့ အပြည့်အဝကူညီပံ့ပိုးပေးနေသလိုပင် ။
နေ့စဉ်ဖြတ်သန်းရတဲ့ (၂၄)နာရီတိုင်းမှာ တစ်ရက်မှမပျက်ကွက်ဘဲ သူ့ဘဝထဲကိုဝင်ရောက်ခြယ်လှယ်ခဲ့တဲ့ သူ.. ။
ပိတ်ရက်လေးနှစ်ရက်မှာတောင် တွေ့ချင်တာကိုသည်းမခံနိုင်လို့ ဒီထောင့်က,စားပွဲလေးမှာပဲ စာလုပ်တယ်အကြောင်းပြပြီး ကျွန်တော်လုပ်သမျှကို မျက်စိထောက်ထောက်ကြည့်တတ်ခဲ့တဲ့ သူ.. ။
အိမ်ပြန်လိုက်ပို့ပေးတိုင်း လူလည်ကျပြီး ပိုဝေးတဲ့လမ်းတွေကနေ ပတ်မောင်းတတ်တဲ့ သူ.. ။
ရပြီးသားရူပဗေဒပုစ္ဆာတွေကို နားမလည်သယောင် လာလာပြန်မေးတိုင်း စိတ်ရှည်လက်ရှည်ရှင်းပြတဲ့ကျွန်တော့ကို မျက်စိမလွှဲထိုင်ကြည့်ခဲ့တဲ့ သူ.. ။
မတော်တဆ ရုပ်ရှင်တွေဘာတွေကြည့်ဖြစ်ခဲ့တိုင်းလည်း လက်မှတ်ကုန်နေလို့ဆိုတဲ့ မုသာဝါဒကိုသုံးပြီး စုံတွဲခုံကိုမယောင်မလည်ဝယ်လာတတ်တဲ့ သူ.. ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]