Y.K.T~[29]

12.5K 925 70
                                    

Unicode:

အချိန်ကာလအားဖြင့် မိုးရာသီဘက်ကိုကူးပြောင်းလာပြီ ဖြစ်သောကြောင့် မိုးတစ်ပွဲစ၊နှစ်ပွဲစနွှဲလာပြီဖြစ်သလို 'Royal Rose' မှာလည်း ဧည့်သည်မဝင်သလောက်ပါးနေပြီဖြစ်သည် ။ နှစ်ရှည်စာချုပ်နှင့် ဧည့်သည်များလောက်သာရှိနေပြီး ဟိုတယ်ကြီးတစ်ခုလုံးမှာလည်း တိတ်ဆိတ်ခြောက်ကပ်လျက်ရှိနေသည် ။ ဒီရာသီရောက်ရင် ဒီလိုဧည့်သည်မဝင်တတ်ဘူး ဆိုပေမယ့် အခု 'Royal Rose' အခြေအနေက အရင်ကနှင့်မတူ.. ။

နိုင်ငံခြားမှာပထမဆုံးအခြေတည်တဲ့ ဆောက်လက်စဟိုတယ်ခွဲကြီးက ကြောက္မက္ဖွယ် သဘာဝဘေးအန္တရာယ်ဆိုးကြီးတစ်ခုဖြစ်တဲ့ မြေငလျင်လှုပ်ခတ်သွားမှုကြောင့် အကြီးအကျယ်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည် ။ ဆောက်လက်စအဆောက်အအုံကြီးတစ်ခုလုံး ဘာမှမရှိတော့လောက်အောင် ပျက်စီးသွားရုံသာမက ဆောက်လုပ်ရေးအလုပ်သမားများရဲ့ သေကြေပျက်စီးမှုကလည်း ပက်စက်လွန်းခဲ့သည် ။

ကံကြမ္မာကရက်စက်လွန်းသည်ပဲ ပြောရမည်ပေါ့ ။
အလုပ်သမားအင်အား ၊ ငွေကြေးအင်အားကို နှစ်ဆသုံးဆသုံးထားပြီး အားလုံးပုံအော၍ဆောက်ထားတာကြောင့် ဆုံးရှုံးမှုကလည်း မယုံကြည်နိုင်လောက်အောင်များပြားလွန်းခဲ့ရသည် ။ ဘယ်လိုပဲသဘာဝဘေးအန္တရာယ်ကြောင့်ဆိုပေမယ့် လုပ်ငန်းခွင်အတွင်း သေကြေပျက်စီးမှုများကြောင့် အလုပ်သမားမိသားစုများကို အလျော်အစားပေးလိုက်ရတဲ့ ငွေကြေးပမာဏကလည်း နည်းနည်းနောနောမဟုတ်ပေ.. ။

ငွေရေးကြေးရေးပြဿနာများကြောင့် ထိပ်တန်းစာရင်းဝင်အောင်မြင်နေပါတဲ့ ပြင်ဦးလွင်က 'Royal Rose' ဟိုတယ်ခွဲတစ်ခုလုံးကို သူတစ်ပါးလက်ထဲ 'ရော့..အင့်'ဆိုပြီး ထိုးရောင်းခဲ့ပြီးတာတောင် ကုမ္ပဏီအခြေအနေက သိပ်မဟန်ချင် ။ အချိန်ကာလကလည်း ဧည့်သည်မဝင်တဲ့မိုးတွင်းကာလ.. ခရီးသွားရာသီမဟုတ်တော့ ကျန်တဲ့ဟိုတယ်ခွဲတွေရဲ့ နေ့စဉ်ဝင်ငွေကို အားကိုးလို့လည်းမရပါ ။

ဘွင်းဘွင်းရှင်းရှင်းပြောရကြေးဆိုလျှင်..

ကျွန်တော်တို့ 'Royal Rose' ကြီးက လုပ်ငန်းကောင်းကောင်း မလည်ပတ်နိုင်တော့လောက်အောင်ကို ချွတ်ခြုံကျသွားတာပင် ။ ထပ်ပြီးရှင်းအောင်ပြောရမယ်ဆိုရင်တော့ အရင်ကလို ဥက္ကဌဦးကောင်းမြတ်သွေး တစ်ဦးတည်းရဲ့အင်အားနဲ့ Royal Rose ဟိုတယ်တွေက မရပ်တည်နိုင်တော့ပါ ။

ရ င် ခွ င် သ စ် (c o m p l e t e d)Donde viven las historias. Descúbrelo ahora