Y.K.T~[20]

12.1K 865 27
                                    

Unicode:

" ကျွန်​တော်​မနက်စာမစားရ​သေးဘူး ကိုခန့်​ "

သူ့အတွက်​ မနက်ခင်းကော်ဖီလာချ​ပေးရင်း​ ပြောလိုက်​သောစကားက ဆူပုတ်ပုတ်မျက်နှာထားနှင့်ဖြစ်သည် ။

" အောက်​က နန်းကြီးသုပ်​မှာပေးပါ့မယ် စီအီးအို "

" ဟို.. ကြက်​.____"

ချက်​ချင်း အခန်းထဲကထွက်​မလို့လုပ်​ခါနီး.. အသည်းအသန်​လှမ်း​တားသည် ။

" ကြက်​သွန်​စိမ်းမထည့်တာမလား သေချာ​ပြောလိုက်​ပါ့မယ်​ "

" နံ.. "

" နံနံပင်​ရောမထည့်​ပဲနဲ့.. ချဉ်​ငံစပ်​ကို အစပ်​လျှော့ထည့်​ပြီး ဘဲဥများများနဲ့ ကြက်​သားနည်းနည်း​ပဲထည့်​မှာမလား သိတာမို့လို့ အဆင်​ပြေ​အောင်​ကြည့့်​မှာ​ပေးပါ့မယ်​ စီအီးအို "

"......."

ကျွန်​တော်​တရစပ်​ပြောလိုက်​တော့မှ စီအီးအိုဆိုတဲ့တစ်ယောက်က ဟီးခနဲတစ်ချက်ရယ်​ပြလာ​သည် ။

"​ ဪ.. ဟိုလေ မနက်​ဖြန်​ခွင့်​တစ်​ရက်​လောက်​ယူချင်​လို့ပါ စီအီးအို "

" မနက်​ဖြန်​.. ဘယ်​သွားမလို့လဲကိုခန့်​ "

"​ ဆေးရုံခဏသွားစရာရှိလို့ပါ "

" ဆေးရုံ ! ဘာဖြစ်​လို့လဲ ကိုခန့်​ဘယ်​နား​နေမ​ကောင်းဖြစ်​လို့လဲ "

​ဆေးရုံဆိုတာနဲ့ သူ​တွေးချင်​တာ​တွေစွတ်​တွေး​ပြီး စကားဆုံးအောင်နားမထောင်ဘဲ အသည်းအသန်​မေး​နေတဲ့သျှားက မျက်နှာပေါ်မှာ စိတ်ပူရိပ်တွေသန်းလို့.. ။

" အာ.. မဟုတ်​ပါဘူး မနက်​ဖြန်​ဖေ​ဖေ​ဆေးရုံဆင်းမှာမို့လို့ မေ​မေတစ်​ယောက်​တည်းဖြစ်​နေလို့ "

" ဪ ကိုခန့်​အ​ဖေ​ဆေးရုံကဆင်းပြီလား အဲ့တာဆိုကျွန်​တော်​ရောလိုက်​ခဲ့မယ်​ကိုခန့်​ "

" အင်​.. မလိုက်​ပါနဲ့ မနက်​ဖြန်​ BOD meeting ရှိတယ်​လေ "

" ရပါတယ်​ တစ်​ရက်​တစ်​လေမတက်​တာပဲဟာ "

" မရပါဘူး ဥက္ကဌက ပြင်​ဦးလွင်​ပရော့ဂျက်ကို မင်းကိုပဲဦး​ဆောင်​ပြီးကိုင်​ခိုင်းထားတာ​လေ အဲ့တာ အစည်းအဝေးမှာ စီအီးအိုမရှိလို့ဘယ်​လိုလုပ်​ဖြစ်​မှာလဲ ပြီး​တော့ သီဟကိုလည်း​ခေါ်ထားပါတယ်​ စိတ်​မပူပါနဲ့ "

ရ င် ခွ င် သ စ် (c o m p l e t e d)Where stories live. Discover now