Unicode:
သိပ်ကိုခမ်းနားလှတဲ့ ငွေဆောင်ဟိုတယ်တစ်ခုရဲ့(၁၂)လွှာက ဝရန်တာမှာရပ်လျက်.. ကော်ဖီပူပူတစ်ခွက်ကိုအဖော်ပြုရင်း အဆုံးမရှိလှပလွန်းတဲ့ ပင်လယ်ကြီးကိုငေးနေရတာလည်း စည်းစိမ်တစ်မျိုးပါပဲလား ။ မိုးမရွာ..မိုးမအုံ့ဘဲ နေရောင်ခြည်နွေးနွေးဖြာကျနေတဲ့ ရာသီဥတုလေးက တကယ့်ကိုပဲနေလို့ထိုင်လို့ကောင်းလှပါသည် ။
အချိန်အားဖြင့်.. မနက်ဆယ်နာရီခွဲနေလေပြီ ။
ရန်ကုန်-ငွေဆောင်ကို (၆)နာရီလောက်မောင်းရတာမို့ ည (၂) နာရီခွဲလောက်ကြီး ဆိုက်ရောက်လာခဲ့ကြသည် ။ တောက်လျှောက်ကားမောင်းလာရတဲ့ တစ်ဖက်ကုတင်ပေါ်ကကိုယ်တော်ကတော့ အခုချိန်ထိအိပ်ကောင်းနေဆဲပင် ။ ကျွန်တော်ကတော့ ကားပေါ်မှာတစ်ရေးမှမရခဲ့ပေမယ့်လည်း မနက်အစောထနေကျဖြစ်တာရယ်..၊ ကြာကြာအိပ်ရင် ကျောပူလည်းမခံနိုင်တာမို့ အချိန်အကြာကြီးမအိပ်နိုင်ပေ.. ။
Check-in ဝင်စရာမလိုလောက်အောင် သျှားအဖေက အကုန်စီစဉ်ပြီးသားဖြစ်လို့ ရောက်တာနဲ့သော့တောင်းပြီး အခန်းထဲသို့တန်းဝင်ရုံသာဖြစ်သည် ။ ဒါပေမယ့်အခန်းထဲဖို့အရေးကို ငါးမိနစ်လောက်အခန်းဝမှာရပ်ပြီး သျှားရဲ့အရစ်ထုပ်ကိုဖြေရှင်းခဲ့ရသေးသည် ။
ကြိုတင်ယူထားတဲ့အခန်းက (၄)ခန်းဆိုတော့ ကျွန်တော်နဲ့သီဟ တစ်ခန်းနေမယ်လို့ဖြောင်းဖြတာ ဘယ်လိုမှပြောမရခဲ့ပါ ။ ကျွန်တော့ကိုသူနဲ့တစ်ခန်းနေခိုင်းပြီး သီဟရယ် ၊ သူ့သူငယ်ချင်းနှစ်ယောက်ရယ်ကို တစ်ယောက်တစ်ခန်းစီနေခိုင်းသည် ။ အကုန်လုံးပင်ပန်းပြီး အိပ်ချင်နေကြသည့်တိုင်.. သျှားတစ်ယောက်သာ လုံးဝလက်မလျှော့ဘဲ ခေါင်းမာနေနိုင်ခဲ့သည် ။ ကျန်တဲ့သူတွေလည်း သူ့ကိစ္စမပြီးမချင်း အခန်းထဲသို့မဝင်ရသေး.. ။ သျှားလုပ်ပုံနဲ့တော့ ဒီနေ့ညတစ်ယောက်မှ အိပ်လိုက်ရမှာမဟုတ်တာမို့ (၆)နာရီကြာကားမောင်းခဲ့ရတဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကို အားနာလွန်းတာနဲ့ပဲ.. သူဘက်ကစပြီး အလျှော့ပေးလိုက်ရသည် ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]