Unicode:
နောက်နှစ်ရက်နေရင် ဒီဇင်ဘာလကြီးကုန်ဆုံးတော့မည်ဖြစ်ပြီး အနောက်တိုင်းပြက္ခဒိန်အရ နှစ်သစ်ကူးသို့ပင်ကူးပြောင်းတော့မည် ။ ရက်သတ္တပတ်တွေပြောင်းလဲလာသော်ငြား.. ဇန်နဝါရီလကုန်လောက်အထိ အအေးဓာတ်ကကျန်ရှိနေဦးမှာမို့ ဆွယ်တာထူထူကို ကောင်းကောင်းကြီးအဖော်ပြုနေရသေးသည် ။
ကားဂိတ်ကိုလမ်းလျှောက်သွားနေရင်း လမ်းထိပ်ဈေးက ဈေးဆိုင်တော်တော်များများမှာ ဆိုင်ရာပစ္စည်းတွေကို ရောင်းဗန်းလှညီညာအောင် ခင်းကျင်းပြင်ဆင်နေကြတာများ မချမ်းကြသည့်အလား.. ။ ငါးသည်တွေဆို အအေးဒဏ်ကိုမမှုဘဲ ရေခဲရိုက်ထားတဲ့ လတ်လတ်ဆတ်ဆတ် ငါးအအေးတုံးကြီးတွေကိုကိုင်ပြီး စီရီနေကြသေးသည် ။
ဟင်းသီးဟင်းရွက်သည်များကလည်း ထိုနည်းလည်းကောင်း.. ။ ရေစက်လက်ဖြစ်နေတဲ့ အရွက်စိမ်းစိမ်းအမျိုးစုံကို တစ်မျိုးတစ်ဖုံစီ စနစ်တကျနေရာချနေကြသည် ။ လမ်းလေးခွစုံမှာ ဆီဒယ်အိုးကြီးနဲ့ အားရပါးရပူပူလောင်လောင်ကြော်လှော်နေတဲ့ အကြော်သည်ကြီးကတော့ ဒီရာသီဥတုနှင့်အံကိုက်လျက် အနွေးထည်တောင်မကပ်တော့ပေ ။
လမ်းတစ်လျှောက် ကိုယ်စီကိုယ်စီလှုပ်ရှားနေကြတာတွေက အထူးတလည်လိုက္မကြည့်လည်း မြင်တွေ့နေရသည် ။ (၆) နာရီခွဲဆိုတာ ဟိုတယ်သွား ၊ ရုံးတက်ဖို့ရာ အလွန်စောနေသေးပေမယ့် သျှားဆိုတဲ့ စီအီးအိုလေးရဲ့ကောင်းမှုနဲ့ ကျွန်တော့မှာ ဒီအချိန်ကြီးထပြီးသွားလာနေရသည် ။
ဘာမပြောညာမပြောနဲ့ ရုံးသွားချိန်ဆို ကျွန်တော့ကိုလာလာကြိုနေတာ နှစ်ရက်လောက်ရှိနေပြီဖြစ်သည် ။ မသိချင်ယောင်ဆောင်ပြီးကျော်သွားမယ်လုပ်တော့ ဒီနေ့ကစပြီးသူနဲ့ပဲ ရုံးတက်ရုံးဆင်းလုပ်ရမယ်ဆိုတဲ့ အာဏာဆန်ဆန်အမိန့်တစ်ခွန်းနဲ့ စွတ်တရွတ်ဆွဲဆွဲခေါ်သွားတတ်တာမို့ ပတ်ပြေးနေရသည် ။ ကျွန်တော့အတွက်က ဘတ်စ်ကားကို ကြပ်ကြပ်တည်းတည်းတိုးမစီးရလို့ အဆင်ပြေပေမယ့် ဟိုတယ်ကဝန်ထမ်းတွေအမြင်လည်းရှိသေးသည်မဟုတ်လား ။
KAMU SEDANG MEMBACA
ရ င် ခွ င် သ စ် (c o m p l e t e d)
Fiksi Umumသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]