Unicode:
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဖို့က (၁)လလောက်ပဲလိုတော့တာဖြစ်လို့ သျှားအဖေရဲ့တောင်းဆိုမှုနဲ့ အနီးကပ်သေချာလုပ်ပေးနေရပြီး ညဆို(၁၀)နာရီ..၊(၁၁)နာရီလောက်မှ ပြန်ဖြစ်နေသည် ။ အန်ကယ်ကတော့ သူတို့အိမ်မှာပဲနေရင်း အနီးကပ်သင်ပြပေးဖို့တောင်းဆိုလာပေမယ့် နောက်ဆုံးလက်ကျန်စည်းလေးတစ်ခုအနေနဲ့ ဒီတစ်ခုကိုတော့ဖြင့် သူငြင်းဆိုထားရသည် ။
အခုနောက်ပိုင်း အန်ကယ်ဦးကောင်းမြတ်နဲ့ကတော့ သျှားအခြေအနေကိုမေးရင်းမြန်းရင်း တစ်ခါတစ်ရံစကားပြောဖြစ်ကြသည် ။ အိမ်ပြန်ရင် အရင်လိုမသိချင်ယောင်ဆောင်ပြီး အသာလေးမပြန်ဘဲ နှုတ်ဆက်ပြီးမှသာပြန်ဖြစ်တော့သည် ။
စကားပြောကြည့်မှ အရင်အေးတိအေးစက်နှင့်ကြောက်စရာကောင်းတယ်လို့ သတ်မှတ်ထားခဲ့တဲ့အန်ကယ်က သဘောကောင်းတယ်ဆိုတာနဲ့ သျှားကိုအင်မတန်ချစ်တယ်ဆိုတာ တဖြည်းဖြည်းမြင်လာရသည် ။
သျှားရဲ့အခြေအနေက လုံးဝစိတ်ချရသလောက်တော့ရှိနေပါပြီ ။ ဂုဏ်ထူးသုံးလေးလုံးတောင်ပါနိုင်တဲ့အထိ သျှားကအရမ်းကြိုးစားလာသည် ။ အစမ်းစစ်တဲ့စာမေးပွဲရလဒ်တွေအရ အမှတ်ကောင်းကောင်းအမြဲတမ်းထွက်သည် ။ ဒီလိုအမှတ်များတာတောင် နေ့မအိပ်ညမအိပ် ကြိုးစားယူနေတာမျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးသာမာန်လောက်ပဲ စာလုပ်နေတာဆိုတော့.. အသည်းအသန်သာကြိုးစားလိုက္မယ်ဆိုရင် All-D တောင် မှန်းလို့ရနေပြီ ။
ဉာဏ်လေးကောင်းရဲ့သားနဲ့ စာလုပ်ချင်စိတ်မရှိတဲ့သျှားစစ်သွေးကို အနောက်ကနေအသားကုန်တွန်းနေရတာလည်း သူ့ရဲ့နေ့စဉ်အလုပ်ပါပဲ ။ ဒါကြောင့်မို့လည်းအန်ကယ်က ဒီလိုညနက်တဲ့အထိ သူ့ကိုခေါ်ထားပြီးစာကျက်ချိန်ယူစေတာဖြစ်သည် ။ သျှားစစ်သွေးဆိုတာက ဘေးနားကနေဆော်ဩပေးနေမယ့်သူမရှိရင် စာလုပ်ဖို့အင်မတန်အပျင်းကြီးသူဆိုတာကိုလည်း အန်ကယ်ကကောင်းကောင်းကြီးသိထားသည် ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]