Unicode:
23-June-2026 (ကြာသပတေးနေ့)
🕑 2 : 06 am.တစ်ရေးနိုးလို့ ဘေးနားကိုစမ်းကြည့်လိုက်တော့ နေရာလွတ်သာတွေ့ရ၏ ။ ရေချိုးခန်းထဲမှာလည်းအသံမကြားဘူးဆိုတော့ သျှားတစ်ယောက်ဘယ်တွေများသွားနေတာလဲ ။ သျှားကအိပ်ပြီဆိုရင် မနက္မိုးလင်းတဲ့ထိ တစ်ချိုးတည်းသာအိပ်တတ်ပြီး ဘယ်တော့မှတစ်ရေးမနိုးတတ်.. ။
စိတ်ပူပူနဲ့ တစ်အိမ်လုံးပတ်ရှာဖို့လုပ်တော့ ထမင်းစားခန်းထဲက မှိန်ပြပြမီးလေးကိုတွေ့လိုက်ရသည် ။ နောက်ကနေ အသံမထွက်ဘဲ တိတ်တိတ်လေးသွားချောင်းတော့ လက်ထဲမှာဘီယာတစ်ဗူးကိုင်ထား၏ ။ စားပွဲပေါ်မှာက ဗူးခွံ(၆)ဗူးလောက်နဲ့ ဆေးလိပ်(၃)လိပ်လောက် ဖွာထားတာကိုတွေ့ရသည် ။ ည(၂)နာရီလောက်ကြီး ဘာအစာမှမပါဘဲ ဘီယာတွေစွတ်သောက်နေတဲ့ သျှားကိုမြင်တော့ ကျွန်တော်သနားသွားရသလို အားလည်းအားနာမိသည် ။
သူအရမ်းစိတ်ညစ်နေမှာပင် ။
မဟုတ်ဘူး.. ကျွန်တော့ကိုစိတ်တိုပြီး ဒေါသတွေထွက်နေမှာ ။
ညနေကသျှားပြောတဲ့ကိစ္စကို ကျွန်တော်ခေါင်းညိတ်လိုက်တာ မှန်မမှန်တော့မသိပေမယ့် သျှားကိုဒီထက်ပိုပြီးတော့ စိတ်မဆင်းရဲစေချင်တော့တာအမှန်ပင် ။ သျှားကတောင် သူ့ရပိုင်ခွင့် ၊ ပစ္စည်းဥစ္စာတွေအားလုံးစွန့်လွှတ်ပြီး ကျွန်တော့ဘေးနားမှာပဲ သေသည်အထိရှိပေးပါ့မယ်လို့ ကတိပေးထားရက်နဲ့ သူ့ရဲ့မျှော်လင့်ချက် ၊ ပျော်ရွှင်မှုတွေအကုန်ရိုက်ချိုးပစ်ပြီးကျွန်တော်ကိုယ်လွတ်ရုန်းထွက္မသွားချင်တော့.. ။
ပြန်စဉ်းစားကြည့်လိုက်ရင် သျှားအတွက်လို့ခေါင်းစဉ်တပ်ပြီး ကျွန်တော်ထွက်သွားလိုက်တာနဲ့ သျှားပျှော်ရွှင်ရမှာမှမဟုတ်တာကို အတိအကျကြီးကိုသိလိုက်ရတာပင် ။ ဒီကောင်လေးပြောနေကျ 'ကိုခန့်မရှိရင် ကျွန်တော်သေသွားလိမ့်မယ်' ဆိုတဲ့စကားက သာမန်ကာလျှံကာ လိမ်ပြောနေတာမဟုတ်မှန်း ကျွန်တော်ကောင်းကောင်းကြီးသိ၏ ။ အဲ့တာကြောင့် သျှားအတွက်ဆိုတာထက် သျှားပျော်ရွှင်မှုအတွက်.. လို့ စဉ်းစားပြီး အတ္တကြီးကြီးနဲ့ရှေ့ဆက်တိုးဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည် ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]