Y.K.T~[25]

11.4K 890 57
                                    

Unicode:

" အသက်တို့လမ်းခွဲရအောင်..မောင် "

ဆယ်နှစ်တာတွဲခဲ့သော ချစ်သူမိန်းကလေးထံမှကြားလိုက်ရသောစကား.. ။

ဟင့်အင်း ။
ကျွန်တော့နှုတ်ကနေ မျက်နှာပြောင်တိုက်ပြီး ချစ်သူရည်းစားလို့တောင် မသုံးနှုန်းသင့်ဘူးထင်သည် ။

ရိုးရှင်းတိုတောင်းလှတဲ့ထိုစကားတစ်ခွန်းက နှလုံးသားအတွင်းနက်နက်ထိ ရိုက်ခတ်မြည်ဟီးသွား၍ ပဲ့တင်ထပ်သွားစေခဲ့ပါတော့သည် ။

ဘယ်လိုပဲဖြစ်နေဖြစ်နေ တစ်နေ့နေ့တော့ အသက်ကိုသူ့ဖက်ကစပြောရမှာပဲလို့ စဉ်းစားထားတဲ့ ဤစကားတစ်ခွန်းကို အခု အသက်ဖက်ကနေအစချီလိုက်လေပြီ ။ အသက်ဖက်ကနေစတင်ပြီး ဆယ်နှစ်တာကာလရှိခဲ့တဲ့ ဆက်ဆံရေးတစ်ခုကို ကျွန်တော့ပယောဂကြောင့် ဖြိုခွဲပေးလိုက်ပြီဖြစ်သည် ။ ကိုယ်လိုချင်ခဲ့တဲ့ ၊ ကိုယ်တောင့်တနေတဲ့ အခွင့်အရေးတစ်ခုဖြစ်နေပေမယ့်လည်း စိတ်ထဲမှာတော့မပျော်ရွှင်လှ ၊ မသက်သာလှပါ ။

နာကျင်ရပါသည် ။
ကျွန်တော့မှာ နှမ,မရှိပေမယ့် အသက်အတွက် နှမချင်းကိုယ်ချင်းစာပြီး ခံစားပေးလို့ရပါသည် ။

အသက်..
သူအခုဆိုပြောမပြတတ်အောင် အရမ်းနာကျင်နေရမှာ ။

အနီးအနားမှာ နွေးထွေးတဲ့မိသားစုဆွေမျိုးမရှိ ၊ ခိုလှုံစရာ ရင်ငွေ့နွေးနွေးမရှိ ၊ နာကျင်နေပေမယ့်လည်း နှစ်သိမ့်ဖေးမပေးမယ့် သူငယ်ချင်းရင်းချာမရှိနဲ့.. ကျွန်တော့တစ်မျက်နှာပဲတစ်ရွာထင်ပြီး ဆယ်နှစ်လုံးလုံး ကျွန်တော့ကိုသာ ယုံကြည်အားကိုးလာတဲ့ထိုမိန်းကလေးဟာ ပါးစပ်ကထုတ်မပြောပေမယ့်လို့ ရင်ထဲမှာတော့တစ်စစီဖြစ်နေရှာမှာ ။

သို့ပေမယ့်..
ဟန်ဆောင်ကောင်းလွန်းတဲ့ ထိုမိန်းကလေးမှာတော့ ကျွန်တော့ကိုဒီစကားပြောနေချိန်မှာ မျက်နှာဟန်တစ်ချက္မပျက် ၊ အသံနှုန်းထားတစ်စက္မှမယွင်းပါဘဲ မျက်ရည်တစ်ပေါက္မျှမကျကာ ပြောသွားခဲ့ပါသည် ။ အကုန်လုံးကိုသိထားပါတယ်ဆိုတဲ့စကားကို မျက်တောင်တစ်ချက္မခတ် အေးဆေးစွာပြောသွားနိုင်ခဲ့သည် ။

ရ င် ခွ င် သ စ် (c o m p l e t e d)Where stories live. Discover now