ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​ ( ၁ )

3.7K 100 9
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်
🌷 အပိုင်း ( ၁ )

အပူပင်​ကင်း အလွမ်းအ​ဆွေး မရှိတဲ့ဘဝကို ပိုင်​ဆိုင်​ထားတဲ့ ကျွန်​မအဖို့ ထိုအရာ​တွေက ကမ္ဘာ​ပေါ်တွင်​ ရှိ​နေမည်​လို့​တောင်​ ကျွန်​မမထင်​ခဲ့ပါ။ သာမန်​ရိုးရှင်းတဲ့​နေ့ရက်​​တွေကို​ဖြတ်​သန်းရင်း  အချိန်​​တွေများစွားကို ကုန်​ဆုံး​စေခဲ့သည်​။ ကျွန်​မဒီ​နေ့ seoul မြို့ရဲ့ G university မှာတက်​​ရောက်​ပညာ သင်​ကြားဖို့အတွက်​ လိုအပ်​သည့်​အသုံး​ဆောင်​များ နှင့်​ အဝတ်​များကို​သေသပ်​စွာထည့်​ထားတဲ့
kit-bagကို ဆွဲကာအိပ်​ခန်းထဲမှ ထွက်​လာခဲ့သည်​။ အဲ့ဒိ တက္ကသိုလ်​က အနုပညာတက္ကသိုလ်​ပါ ။ Dancing , Graphic , Fine arts , Performing art နဲ့ တခြားအနုပညာ​တွေကိုပါ သင်​ကြား​ပေးတဲ့ တက္ကသိုလ်​ပါ ။  ကျွန်မသွားလိုရာသို့ ပို့​ပေးမည့်​ ကျွန်​မအချစ်​​တော်​ အဝါ​ရောင်​ ဖိနပ်​က​လေးဟာလဲ ကျွန်​မ၏​ခြေဖဝါး​အောက်​သို့ ခလာသည်​။ ဖိနပ်​ကြိုးကိုချည်​ရင်း ကျွန်​မ၏​ ​မေ​မေ​ပြော​နေ​သော မပြီးဆုံးနိုင်​မကုန်​နိုင်​သည့်​ အမှာ​တော်​များကို နား​ထောင်​​နေမိသည်​။ ကား​ပေါ်မှာ အသင့်​​စောင့်​​နေသည့်​ ​ဖေ​ဖေက​တော့ မျက်​နှာမ​ကောင်းလှ​ပေ ။ ဟိုးငယ်​ငယ်​​လေးထဲက အခုအရွယ်​ထိ ​ဖေ​ဖေ​မေ​မေ မပါဘဲနှင့်​ ကျွန်​မမည်​သည့်​​နေရာကိုမျှ တစ်​​ယောက်​တည်းမသွားဖူး​ပေ။ အခု​တော့ ကျွန်​မဘဝ တိုးတက်​ဖို့အတွက်​ ဂုဏ်​​ရောင်​မြင့်​မားဖို့ ကျွန်​မ ပညာ​ရေးခရီးလမ်း​ပေါ်တွင်​ ​လျှောက်​ရအုံးမည်​။ ကျွန်​မသည်​ တစ်​ခြား​ကျောင်းသားများကဲ့သို့ အမှတ်​နှင့်​ဝင်​ခွင့်​​ဖြေပြီး မှထို​ကျောင်းသိုတက်​​ရောက်​ ပညာသင်​ကြားခွင့်​ရခြင်းမဟုတ်​ပါ။ Scholarships နှင့်​ကျွန်​မထိုတက္ကသိုလ်​ကို တက်​​ရောက်​ခွင့်​ရသည်​။ ကယ်​အခု​တော့​မေ​မေ့ ကိုသွားခါနီး​လေ က​လေး​လးတေစ်​​ယောက်​လို ရင်​ခွင်​ထဲ တိုးဝင်​ပြီး ချွဲပါရ​စေ။

" Ommaမှာတာ​တွေမ​နေ့နဲ့​နော်​ Mo "

ကျွန်​မရဲ့​ဆံ​ကေသာ​လေး​တွေကို ​မေ​မေကအသာ ပွတ်​သပ်​​ပေးရင်း စကားဆို​လာသည်

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Where stories live. Discover now