ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၂၅ )သူမတို့နှစ်ယောက်ကြား လေညင်းတို့မှာ အိပ်ပျော်လုဆဲဆဲ..။ တိတ်ဆိတ်နေသည့် သူမတို့နှစ်ယောက်ပတ်ဝန်းကျင်က ကားသံတွေကတော့ ဆိးုလ်လမ်းမ ကြီးပေါ်မှာတော့ ဝူးဝူးဝါးဝါး....အသံတွေလွွမ်းမိုးလျှက်..။
ကားကိုဂရုစိုက်မောင်းရင်း နောက်ကြည့်မှန်ကနေ Mi မျက်နှာလေးကို မသိမသာ ခိုးခိုးကြည့်မိနေ သူက Mo. Miကတော့ လျှင်မြန်စွာရွေ့လျားနေတဲ့ ကားလမ်းမကြီးကိုသာငေးစိုက်ကြည့်နေမိသည်..။
အမှန်တော့ သူမကြောက်နေတာလို့ပြောရင်ပိုမှန်မ လား..။ သူမ စိတ်ဆိုးလို့လုပ်ခဲ့မိတဲ့ အပြုအမူက လွန်သွား သလား..။ အတွေးကမ္ဘာထဲမှာ အိပ်ငွေ့ချ ခံလိုက်ရတဲ့သူလို အိပ်ပျော်လုဆဲဆဲမှာဘဲ ရပ်တန့် သွားတဲ့ကားကြောင့် သူမအသိပြန်ဝင်လာခဲ့သည်..။ ကားခါးပတ်ကိုဖြုတ်ဖို့ Miလက်လှမ်းဖို့ပြင်လ်ိုက်တုန်းမှာဘဲ Moသူမဘက်ကိုလှည့်လာပြီး.....
" နင့်အိမ်ထဲကို နင်မပါဘဲ ငါအရင်ဝင်သွားလို့ ဖြစ်တယ်မဟုတ်လား.."
Mina's POV
သူမကိုပြန်ပြောဖို့ စကားလုံးတွေအတွက် အားအင်တွေတောင်မရိှတော့ပါဘူး.. ။ တိတ်ဆိတ်စွာနဲ့ဘဲ သူမကို အပြုံးတစ်ခုသာ ပြုံးပြနိုင်ခဲ့တော့တယ်..။ ပြောင်းလဲသွားတာလား..။ ဒါမှမဟုတ် သူမကျွန်မ ကို စိတ်နာသွားတာလား..။ မုန်းသွားခဲ့တာလား..။ သူမနောက်ကျောပြင်လေးပျောက်သွားတဲ့အချိန်ထိ ကျွန်မ သူမထားခဲ့တဲ့နေရာလေးမှာဘဲ ကျန်ရစ်ခဲ့ရတယ်..။ တစ်ယောက်ထဲပေါ့..။
" Omma .. Moရောက်ပါပြီ.. "
" Miရော.."
" သူအနောက်မှာပါ.. "
" ပြန်ရောက်ပါပြီ Omma.."
"အော်.. ဘာလို့အတူတူဝင်မလာတာလဲ.. "
" Saနဲ့ဖုန်းပြောနေလို့ပါ.."
" Omma တစ်ကယ်ဘဲ ဒီအိမ်မှာအိပ်မှာလား.."
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...