ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၈ )နူးညံ့လွန်းတဲ့အရာတစ်ခု ကျွန်မနဖူးလေးက်ို ထိတွေ့ နေသည်။ နဖူးလေးနွေးသွားသည်နှင့် ရင်ထဲလှပ်ခနဲ ဖြစ်သွားသည်။ အိမ်မက်ထဲမှာမေမေ ကျွန်မနဖူးလေးကို အနမ်းပေးနေသည်မှာ အပြင်မှာ တစ်ကယ် အနမ်းခံနေရသလိုပင်။ ကျွန်မ မျက်လုံးလေးဘဲ မိှတ်ထားမိတာပါ အိပ်နေတာမဟုတ်ပါဘူး ။ မေမေ့ပုံရိပ် တွေက မျက်လုံးမိှတ်လိုက်သည်နှင့် ဝင်ရောက်လာေ လသည်။ နဖူးပေါ်က ပူနွေးနွေးခံစားချက်ကြောင့် ကျွန်မမျက်လုံးလေးဖွင့်ကြည့်လိုက်မိသည်။ အပြာရောင် ကောင်းကင်ပြင်ကြီးနဲ့အတူ ကျွန်မ မြင်တွေ့လိုက်ရသည်က လက်သည်းကို ကိုက်နေသည့် သူမ ။
" ငါဘာလုပ်လိုက်မိတာလဲ.. သူကမိန်းကလေးနော်.. ခုဏက ခံစားချက်ကြီးက ဘာလဲ.. ဘယ်လိုကြီး လဲ .. "
လက်သည်းကိုကိုက်ရင်း ကျွန်မ ကိုယ့်ကိုယ်ကို စိတ်ထဲ၌ ပြန်မေးနေမိသည်။
" ဒီမှာ .. "
သူမ အသံကြောင့် ကျွန်မကိုယ်လေ အနည်းငယ်တုန်သွားသည်။ တံတွေးတို့ကို မျိုချရင်း မရဲတရဲလေ း သူမကို လှည့်ကြည့်မိသည်။
" ညနေ နန်းတော်ကို တစ်ကယ်လိုက်ပို့ပေးမှာလား"
" အွန် " (*" မသိလောက်ပါဘူးနော်.. "* )
" ရေချိုးမလား "
" ဟင် ..! "
" လန်းလန်းဆန်းဆန်းဖြစ်အောင်လို့ပါ "
" ဟင်... ရ..ရပါတယ် "
ကျွန်မအဖြေကြောင့် သူမ မျက်ခုံးလေးကို ညင်သာစွာ ကုတ်နေလေသည်။ သူမ တစ်ခုခုကို စဉ်းစာ းနေဟန်.. ခဏကြာတော့ သူမ လှဲအိပ်နေရာက ထလာသည်။
" မရဘူး.. ရေချိုးရမယ်.. "
သူမစကားတေနဲ့အတူ ကျွန်မညာဘက်လက်လေး လေထဲမြောက်သွားသည် ။အချိန်ခဏအတွင်း မှာဘဲ သူမခေါ်ဆောင်ရာ သူမအိမ်လေးအတွင်းထဲကို ကျွန်မ အ့ံသြမှင််တက် စွာဖြင့်ရောက်ရိှလာခဲ့သည်။
သူမ အပေါ်ထပ် ကအခန်းတစ်ခုရဲ့ တံခါးကို အသာ ဖွင့်၍ ကျွန်မကို ထိုအခန်းအတွင်းသို့ခေါ်လာသည်။ အခန်းအတွင်း အဖြူရောင်နံရံကပ် စက္ကူတို့ကိုအပြည့့်ကပ်ထားသည်မှာ အဖြူရောင် ကမ္ဘာလေးထဲ ရောက် လာသလိုပင်ခံစားလိုက်ရသည်။ ပစ္စည်းအချို့က သူ့နေရာနဲ့သူ သေသပ်စွာ ရိှနေသည်။ ဟိုကွက်ဒီကွက် အရောင်ဖျော့ဖျော့လေးတေကြောင့် သူမ အခန်းလေးက ပန်းချီကားတစ်ချပ်သဖွယ် ။ သူမ ရဲ့အငွေ့ အသက်တို့ပင် အခန်းအတွင်းပျံ ့နှံ့နေသေးသည်။

YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...