ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​ ( ၂၃ )

606 45 19
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်
🌷 အပိုင်း ( ၂၃ )

စိတ်​လွင့်​​နေသူ တစ်​​ယောက်​ကဲ့သို့ ​ခေါင်း​လေးငိုက်​ စိုက်​ကျရင်း ဆိုးလ်​လမ်းမအထက်​ တစ်​​ယောက်​ထဲ လျှောက်​​နေသူက Mo.

ပါးပြင်​အထက်​က မျက်​ရည်​စတို့မှာ ​မေးစပ်​​မှတစ်​ဆင့်​ ​မြေပြင်​အထက်​ဆီသို့ .......။

လမ်းသွားလမ်းလာလူ​တွေ သူမကိုဝင်​တိုက်​မိရင်​ ​တောင်​ သူမမသိသလိုဘဲ .......။

မ​တော်​လို့ လဲကျသွားမိရင်​​တောင့်​ လက်​ဖဝါးနုနု အထက်​ ထိချပွန်းပဲ့ရာ​လေးဖြစ်​သွားရင်​​တောင်​ သူမ ထို ဒဏ်​ရာမှ နာကျင်​မှု ​သေး​သေး​လေးကိုပင်​ မခံစားရ .......။

တိတ်​ဆိတ်​ခြင်းများစွာနဲ့ဘဲ သူမရဲ့အိမ်​ပြန်​လမ်း​လေး အတိုင်း​လျှောက်​​နေဆဲ.......။

သူမ ငို​နေတယ်​ .......။

မျက်​ရည်​စ​ပေါင်းများစွာကလည်း ပါးပြင်​ကိုဖြတ်​သန်းရင်း ​မြေခ​နေသည်​.......။

ဒါ​ပေမယ့်​ .......။

သူမဆီက ငိုသံသဲ့သဲ့ ၊ ရှိုက်​သံ ခပ်​သဲ့သဲ့​လေး​တော င်​ မကြားရပါဘူး........။

" သတ္တိမရှိတဲ့သူ .. " * mind *

သူမ ထိုစကားတစ်​ခွန်းကိုဘဲ စိတ်​ထဲ၌ အကြိမ်​ကြိမ်​ ​ရေရွတ်​​နေမိသည်​......။

လည်​တိုင်​ဖြူဖြူက ​သွေး​ကြောစိမ်းစိမ်း​လေး​တွေ ... ရဲတွတ်​​နေတဲ့ ပါးမို့မို့​လေးရယ်​ ၊ နှာ​ခေါင်းထိပ်​​လေး​တွေကို သူမထံ၌ မြင်​​တွေ့​နေရသည်​......။

Moဆိုင်​ထဲမှ ထွက်​လာခဲ့သည်​ထဲက သစ်​ပင်​နဲ့ကွယ်​ရင်း အ​ဝေးက​နေ လှမ်းကြည့့်​နေခဲ့သူက Mi.

လမ်းသွားလမ်းလာသူ​တွေထဲက တစ်​ချို့​သော​သူ ​တွေ မ​တော်​တစ်စ ​သူမကိုဝင်​တိုက်​မိလို့ ​ခြေ​ထောက်​တို့ ယိုင်​နဲ့ပြီး လဲကျသွားရင်​​တောင်​ ပတ်​ဝန်းကျင်​ကိုတစ်​ချက်​ ဂရုမပြုဘဲ ပြန်​ထရင်း........

တိတ်​ဆိတ်​စွာနဲ့ ​ခေါင်း​လေးငုံ့ရင်းသာ ဆက်​​လျှောက်​​နေသည့်​ Mo ​ကြောင့်​ Miနှလုံးသား​လေး က ပို၍ ထပ်​တိုးပြီးနာကျင်​ရပြန်​သည်​.......။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Opowieści tętniące życiem. Odkryj je teraz