ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၅ )ကျွန်မ အသင့်အနေထားဖြင့် ကျွန်မအိမ်အရှေ့တွင် Ji ကိုထွက်စောင့်နေခဲ့သည်။ နံနက်နေရောင်ခြည် ဖျော့ဖျော့တော့တော့လေးက ကျွန်မမျက်နှာ အပေါ်၌ နေရာယူထားသည်။ အကြောင်းမှာ ကျွန်မ အုတ်တံတိုင်းနံရံကိုမှီရင်း ခေါင်းလေးကိုအနည်းမော့ကာ သီးချင်းအချို့ကိုနားထောင်ရင် မျက်လုံးလေးမှိတ်ကာ ညာခြေထောက်လေးကို အနည်းငယ် လမ်းနှင့် ပွတ်တိုက်ရင်း ရပ်နေမိခြင်းကြောင့်ပင်။ ကျွန်မဒီနေ့ အဖြူရောင် ရှပ်လေးကို အပြာဖျော့ရောင်ဂျင်းလေးနှင့် တွဲဖက် ဝတ်ဆင်ထားပြီး အဖြူအပြာရောစပ် ထားသည့် ဖိနပ်ကိုစီးထားသည်။ ခါး၌ အဝါရောင် အကွက်အကြားလေးတေပါတဲ့ အင်္ကျီရှည်ကို ချည်ထားသည်။
... ... ... ... ... ... ... ... ... ...
နံနက်အိပ်ယာနိုးထဲက အသင့်ပြင်ထားရင်း ဧည့်ခန်းထဲ၌ တီဗွီ ကြည့်ရင်း Sa လာအခေါ်ကိုစောင့်နေလိုက်သည်။ ၇နာရီထိုးတော့ Sa ရောက် လာ၍ Sa နဲ့အတူ ရုပ်ရှင်ရုံသို့ ရောက်လာခဲ့သည်။
" ပြောတော့ရုပ်ရှင်ကြည့်ဖို့ဆို .. အခုဘာလို့ mall ဘက်ကိုလာတာလဲ .. "
" ငါတို့ကြည့်မဲ့ကားက ၁၀နာရီလောက်မှပြမှာလေ .. ဒါကြောင့် mall ဘက်ကိုထွက်လာလိုက်တာ "
" ဒါဆို ထိုင်ခုံ လက်မှတ် ဖြတ်ပြီးသွားပြီပေါ့ "
" ဟီး .. မဖြတ်ရသေးဘူး "
ဇတ်လေးပုရင်း ရယ်ပြနေတဲ့ Sa ကို ကျွန်မ မျက်စောင်းတစ်ချက် ပစ်ခွင်းလိုက်သည်။ Sa ကတော့အရယ်မပြတ် ကျွန်မလက်ကိုဆွဲရင်း mall ထဲ လျှောက်ကြည့်နေသည်။ အမြည်းကျွေးတဲ့ အသားကင်ဆိုင်က အသားတွေလဲ သူစား၍ ကုန်တော့မည် ။
" Sana chan တော်လောက်ပြီ လာသွားရအောင် " * whisper *
YOU ARE READING
ချစ်တယ် ဆိုတာထက် ပိုတယ်
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...