ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​ ( ၁၁ )

653 47 8
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်
🌷 အပိုင်း ( ၁၁ )

ကျောင်းသွားဖို့အသင့်​ဖြစ်​​နေ​သော်​လည်း အဝတ်​လဲရင်းက မှန်​​ရှေ့ကမခွာနိုင်​ဖြစ်​​နေသူက​တော့Mi .. မ​နေ့ညက Moနမ်းရင်း ကိုက်​လိုက်​သည့်​အတွက်​ ​ပေါက်​သွားသည့်​ ​အောက်​နှုတ်​ခမ်း​လေးကို ကိုင်​ရင်း သူမပြုံး​နေမိသည်​။

... ... ... ... ... ... ... ... ... ... ... ... ...

" Mo အ​စောကြီး​ရောက်​​နေတာလား "

" ဟန်​ ... အွန်​ "

Ji အသံ​ကြောင့်​ Mo ​​မှောက်​ ​နေရာက​နေ​ခေါင်း​ထောင်​လာပြီး  ခုံကိုမှီရင်း ​တွေး​တွေး​ငေး​ငေး ထိုင်​​နေမိပြန်​သည်​ ။ ​ခေါင်းထဲမှ​တော့ မ​နေ့ညက အ​ကြောင်းကိုပြန်​​တွေးရင်း မျက်​နှာအ​ရောင်​ကလဲ နီမြန်း​နေ​လေသည်​။

Flashback ... ...

Mo နမ်း​နေရာမှ အသိဝင်​လာပြီး​နောက်​ နမ်း​နေတာဘဲ ရပ်​လိုက်​ရ​တော့မလို ဆက်​ပြီး​တော့ဘဲ နမ်းရ​တော့မလို စဉ်းစားရခက်​​နေ​လေသည်​။ သို့​သော်​ ယခုအချိန်​ထိ နှုတ်​ခမ်းတို့ကို ထိကပ်​ထား၍ နမ်း​နေဆဲပင်​။ Mi က​တော့ Mo နှုတ်​ခမ်း​လေး သူမ နှုတ်​ခမ်းကို ထိလာထည်းက ​​ကျောက်​ရုပ်​သဖွယ်​ ​တောင့်​​တောင့်​ကြီးဖြစ်​​နေ​လေသည်​။
အချိန်​နာရီ​တေပင်​ ရပ်​တန့်​သွားသလို ခံစား​နေရ သည်​။ Mo က​တော့ အမူးသမားသုံး​ယောက်​ အနားကထွက်​သွားသည်​ကို သိ​သော်​ငြားလည်း Mi က​တော့မသိခဲ့ ။ Mo မျက်​နှာနှင့်​ ကွယ်​​နေသ ည်​က တစ်​​ကြောင်း သူမကိုယ်​တိုင်​က ရင်​ခုန်​သံ​တွေ မြန်​လွန်း​နေ၍ အသက်​ရှုဖို့ပင်​​မေ့​နေသည်​က တစ်​​ကြောင်း အ​ကြောင်း​ကြောင်း​ပေါင်းများစွာ​ကြောင့်
သတိမထားမိခဲ့ပါ ။ အနမ်းတို့ကို ရပ်​လိုက်​ပြီးသည်​နှင့်​ Mo ချက်​ချင်းထကာ Mi ကို​ကျော​ပေး၍ ရပ်​လိုက်​သည်​။ ထို​တော့မှ Mi လည်းအသိနဲ့သတိ ကိုယ်​၌ပြန်​ကပ်​လာ​လေသည်​။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Donde viven las historias. Descúbrelo ahora