ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​ ( ၁၅ )

576 42 6
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်
🌷 အပိုင်း ( ၁၅ )

" ငါအဆင်​​ပြေပါတယ်​ ... နင်​အဲ့လိုမျိုး​တွေ မလုပ်​နိုင်​ဘူးမဟုတ်​လား ငါ့​ကြောင့်​. "

" လုပ်​နိုင်​တယ်​ ... နင့်​အတွက်​ဆို ဘာဖြစ်​ဖြစ်​ ဘယ်​လိုအရာမဆို ငါလုပ်​နိုင်​တယ်​ "

သူမစကားကို အဆုံးထိ​ပြောခွင့်​မ​ပေးဘဲ ဖြတ်​​ပြောလိုက်​သည့်​ Mo စကား​ကြောင့်​ သူမ Mo ကိုကြည့်​လိုက်​မိသည်​။ တစ်​ချိန်​ထဲမှာဘဲ သူမမျက်​နှာ​ပေါ်သို့ ​လေရူး​လေးဖြတ်​​ပြေးသွားသည်​။

"ငါ စိတ်​ချမ်းသာ​အောင်​ ​ပြော​ပေးတဲ့အတွက်​ ​ကျေးဇူးပါဘဲ "

" ငါတစ်​ကယ်​​ပြော​နေတာ "

" ​ကျောင်းတက်​​တော့မယ်​ ငါတို့သွားရ​အောင်​ "

" တစ်​ကယ်​..တစ်​ကယ်​ပါဆို .. ငါတစ်​ကယ်​​ပြော ​နေတာပါ "

" အွန်းပါ .. သွားရ​အောင်​ "

" မသွားဘူး "

Mi က​တော့ထရပ်​လိုက်​ပြီးသွားဖို့​ပြော​ပေမယ့်​ Mo က​တော့ထမလာဘဲ ထိုင်​​နေမြဲထိုင်​​နေသည်​။

Mina's POV

ဘာလဲ အခု သူမ ကျွန်​မကို စိတ်​​ကောက်​​နေတာလား ။ က​လေးကျ​နေတာဘဲ ထိုင်​​နေတဲ့ ပုံစံ​လေးကအစ ကျုံ့ကျုံ့​လေး မသိရင်​ ကျွန်​မကဘဲ သူမကို ​အော်​​ငေါက်​လိုက်​သလို ။

" တစ်​ကယ်​မသွားဘူးလား "

ကျွန်​မသူမအနားက ​နေ​ခြေနှစ်​လှမ်းအကွာ​လောက်​ ​လျှောက်​လာခဲ့ပြီး အ​နောက်​သို့လှည့်​ကာ သူမကို​မေး​တော့မှ သူမထရပ်​လာသည်​။ ​ခေါင်းငုတ်​ထားရင်းက မျက်​လုံး​လေးပင့်​ကာ သူမ ကျွန်​မကို ကြည့်​လာသည်​။

" ငါ ​ပြောတာကို တစ်​ကယ်​မယုံဘူးလား "

" ယုံပါတယ်​ .. နင့်​အတွက်​ ခက်​ခဲ​စေတဲ့အရာ တစ်​ခုဆို အဲ့ဒိအရာကို ငါဘယ်​​တော့မှ မလုပ်​ပါဘူး "

" အခုလုပ်​​နေတယ်​​လေ နင်​ငါ့စကားကို မယုံကြည်​တာ က ငါ့အတွက်​အရမ်းခက်​ခဲတဲ့အရာတစ်​ခုဘဲ နင်​ငါ့ကိုမယုံဘူး ယုံကြည်​မ​ပေးနိုင်​ဘူးမဟုတ်​လား "

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Nơi câu chuyện tồn tại. Hãy khám phá bây giờ