ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​ ( ၁၂ )

604 46 4
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်
🌷 အပိုင်း ( ၁၂ )

Momo's POV

မ​နေ့က ​ဆောင်းဂျီ  ​လေး ကို​နောက်​​နေ့ပြန်​လာ​တွေ့မယ်​ ​ပြောထား၍ ကျွန်​မ ​ကျောင်းဆင်း​တော့ ခဏနားပြီး ​ရေမိုးချိုးကာ ​ဆေးရုံကို​ထွက်​လာခဲ့သည်​။ ကင်​ဆာ​ဆေးသွင်းရမည့်​ရက်​မို့ ​ဆောင်းဂျီ ​လေး ၏ညီမ​လေးကို ကျွန်​မအ​ဖော်​ပြု​ပေးရင်း အချိန်​အ​တော်​ကြာသည်​အထိ အတူတူ ကစား​ပေး​နေခဲ့သည်​။ ကစားရင်းကြာလာ​တော့ ညစာအရင်း​ချော့​ကျွေးပြီး အိပ်​​ပျော်​သွား​အောင်​ ပုံပြင်​အချို့​ပြောကာ သိပ်​လိုက်​ပြီး​နောက်​ ကျွန်​မ ​ဆောင်းဂျီ​လေး ကိုနှုတ်​ဆက်​၍ပြန်​လာခဲ့သည်​။ မိုး​လေဝသ သတင်းနား​ထောင်​ရင်း​ ကား​မောင်​လာ​နေတုန်း ကစားကွင်​တစ်​ခုမှာ ထိုင်​ရင်း ​ပြေးလွှား​ဆော့ကစား​နေ သည့်​ က​လေးငယ်​တို့ကို ကြည့်​​နေသည့်​ သူမကို မထင်​မှတ်​ဘဲ​တွေ့လိုက်​သည်​မို့ ကားကိုလမ်း​ဘေးထိုးရပ်​ကာ သူမကို ကြည့်​​နေမိသည်​။

" အားလုံးဘဲ ထီယူသွားကြဖို့ သတိ​ပေးချင်​ပါတယ်​ ဒီ​နေ့အတွက်​ SBS မိုး​လေဝသ အစီစဉ်​ ဒီမှာတင်​ ပြီးဆုံးပါပြီ ခင်​ဗျာ အားလုံးဘဲ ​ပျော်​ရွှင်​ချမ်း​မြေ့ကျပါ ​စေ "

သတင်းပြီးလို့ သူမ​ကောင်းကင်​ကို​မော့ကြည့်​မိ​တော့ တိမ်​မိုးသားတို့က အ​ရောင်​အ​သွေးမျိုးစုံဖြင့်​ ရှိ​နေသည်​။

" မိုးရွာမှာလား ​ကောင်းကင်​ကကြည်​လင်​​နေတဲ့ဟာ "

သူမ​ပြောပြီး Mi ကို လှမ်းကြည့်​လိုက်​​တော့ Mi ကထို​နေရာတွင်​မရှိ​တော့ ... ။ သူမကားခါးပတ်​ကို အမြန်​ဖြုတ်​ကာ ကား​ပေါ်တွင် ​အမြဲ​စောင်​ထား​လေ့ရှိသည့်​ ထီး​လေးကိုယူ၍ သူမဆင်းလာခဲ့သည်​။ ထို့​နောက်​ Mi အိမ်​ ဘက်​သို့သွားသည့်​လမ်းဘက်​ကို သူမ​ပြေးလိုက်​လာခဲ့သည်​။ လမ်းအ​ကွေ့တစ်​​နေရာ​ရောက်​​တော့ ​တွေ့ရပါပြီ ရှာ​နေသူ​ကောင်​မ​လေးရဲ့​ကျောပြင်​ကို ။ Mo ​ကျေနပ်​စွာ ပြုံးလိုက်​ပြီး အ​နောက်​က​နေ ဖြည်းဖြည်းချင်းကပ်​​လျှောက်​လာခဲ့သည်​။ မိုးစက်​တို့တစ်​​ပေါက်​နှစ်​​ပေါက်​ကျလာသည်မို့ Mo ထီးကိုဖွင့်​လိုက်​ပြီး အ​နောက်​ကိုလှည့်​ကြည့်​လိုက်​​တော့ အရှိန်​ပြင်းစွာ ရွာချလာသည့်​ မိုးရည်စက်​တို့က သူမဆီ ​ပြေးလာ​နေသ​ယောင်​။ သူမကိုယ်​ကို အမြန်​လှည့်​လိုက်​ကာ Mi ရဲ့အ​နောက်​ကိုအမြန်​​ပြေးလာလိုက်​ပြီး ထီးမိုး​ပေးလိုက်​သည်​နှင့်​ အရှိန်​ပြင်းစွာ ရွာသွန်း​နေသည့်​ မိုးရည်​စက်​တို့က သူမတို့နှစ်​​ယောက်​အနားမှ ဖြတ်​​ပြေးသွားသည်​။ မိုးရွာ​နေတာကိုသိ​သော်​လည်း မိုး​ပေးထားသည့်​ ထီကိုသာ​မော့ကြည့်​ပြီး အ​နောက်​လှည့်​မကြည့်​လာသည့်​ Mi ​ကြောင့်​ ​ရှေ့တစ်​လှမ်းတို့၍ုအုပ်​မိုး​ပေးလိုက်​ရသည်​။ခြင်​တစ်​​ကောင်​ဝင်​စာ အကွာအ​ဝေး​လောက်​သာရှိပြီး Mi ရဲ့ ဆုတ်​ထားသည့်​ လက်​သီးဆုတ်​​လေး​ကြောင့်​ သူမ​အေး​နေသည်​ထင်​မိ၍ Mi ရဲ့ လက်​ကို Mo လှမ်းဆွဲကာ လှည့်​လိုက်​သည်​။ မျက်​နှာပျင်​​ပေါ်ပုတ်​ခက်​လာသည့်​ ဆံနွယ်​တို့​ကြောင့်​ မျက်​​တောင်​ကိုအနည်းငယ်​ ပုတ်​ခက်​လိုက်​ပြီး Mi ကို ကြည့်​လိုက်​ချိန်​မှာဘဲ Mi လဲမှိတ်​ထားသည့်​ မျက်​လုံးတို့ဖွင့်​လာခဲ့သည်​။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Wo Geschichten leben. Entdecke jetzt