ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၂၉ )သူမဆီရောက်လာတဲ့ Mi ရဲ့ မျက်ဝန်းတွေမှာ ဝမ်းနည်းခြင်းတွေကြီးဆိုးနေလေ၏..။ မျက်တောင်ကို ပုတ်ခက်လိုက်ပြီး သူမကိုကြည့်လာတဲ့ Mi ရဲ့မျက်ဝန်းတွေဟာပြန်လည်မှေးဆက်သွားခဲ့သည်..။
" ဘာလို့ သူ့ကိုဘဲမြင်ယောင်နေမိတာပါလိမ့်.." * mind *
" သတိပြန်ရလာတာ မဟုတ်ဘူးလား.." * whisper *
Mo - သူမကိုယ်သူမပြန်မေးမိသည်..။ ထို့နောက် သူမခပ်ဖွဖွဆုပ်ကိုင်ထားသည့် Mi လက်ကို ကုတင်ပေါ်အသာပြန်ချ လိုက်ပြီး အနားက ဆရာဝန်ခေါ်bellကိုနှိပ်ရန် နေရာကထကာ လှည့်ဖို့အပြင်မှာဘဲ သူမလက်ကိုပြန်လည် လှမ်းဆုပ်ဖမ်းကာ ကိုင်လာသည့် Mi လက်ကလေ..။ Mi ကိုင်လာသည့် သူမလက်ကို သူမပြန်ကြည့်လိုက်ပြီး Mi ကို ကြည့်လိုက်တော့ မျက်ဝန်းတွေမှေးဆက်ထားဆဲပင်ဖြစ်သည့် Mi ဆီမှ စကားသံထွက်ပေါ်လာခဲ့သည်..။
" မသွားပါနဲ့ .. အနားမှာဘဲနေပါ .. ဘယ်ကိုမှ ထွက်မသွားပါနဲ့တော့.. "
ဝမ်းသာစိတ်ကြောင့် တစ်ဖြည်းဖြည်းဖြစ်တည်လာသည့် သူမပါးပြင်ပေါ်က မျက်ရည်တွေကို သူမလက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်လိုက်သည်..။ နှာတစ်ချက်ရှုံ့လိုက်ပြီး........
" သတိပြန်ရလာပြီလား.."
" အွန်.. "
သူမစကားအဆုံး မျက်လုံးတို့ဖွင့်ကာ Mo ကိုကြည့်လာသည်..။
" ခဏလေးပါ.. ခဏလေးပါဘဲ .. ငါ့အနားမှာ နေပေးလို့ရမလား.. "
" ......"
အဖြေတော့ပြန်မပေးမိပေမယ့် သူမထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်..။ ဒါဟာ သူမရဲ့ အဖြေဆိုတာကိုတော့ Mi နားလည်မည်ထင်ပါ၏..။
" တောင်းပန်ပါတယ်.. "
သူမစကားကြောင့် ဖြစ်တည်လာတဲ့ Mi မျက်နှာပေါ်က အပြုံးတစ်ခုဟာ အရင်အချိန် သူမမြင်တွေ့ခဲ့ဖူးသည့် အပြုံးတွေလောက် မတောက်ပတာအမှန်ပါ..။ သို့ပေမဲ့ Mi အပြုံးတွေကတော့ သူမအတွက် အမြဲတမ်းလှမြဲလှနေဆဲပါ..။
ŞİMDİ OKUDUĞUN
ချစ်တယ် ဆိုတာထက် ပိုတယ်
Hayran Kurguနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...