ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​ ( ၁၃ )

599 45 4
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်
🌷 အပိုင်း ( ၁၃ )

ထို့​နောက်​ အချိန်​အနည်းငယ်​ကြာလာ​သော်​လည်း မီးကမလာ မိုးကမဆဲ Miလဲ ဆိုဖာကိုမှီရင်းအိပ်​​ပျော်​သွားသည်​။ Moလဲစာဖတ်​​နေရင်းက အိပ်​​ပျော်​သွားခဲ့သည်​။ ​မှောက်​မဲ​နေတဲ့ အခန်းအတွင်း ထွန်း​လင်း​နေ​သော ဖ​ယောင်းတိုင်​​လေး​တွေဟာ​တော့ မိမိတို့အ​ရှေ့မှာ အိပ်​​ပျော်​​နေသည့်​ ​ကောင်​မ​လေးနှစ်​​ယောက်​ကို ကြည့်​ရင်​ မခို့တရို့​လေး​တေပြုံးရင်း အရည်​တို့​ပျော်​ကျခဲ့ရသည်​။ ညလမင်း​လေး​ပြောက်​ကွယ်​သွားပြီး​နောက်​မှာ​တော့ နံနက်​​နေမင်းကြီးက လင်း​ရောင်​ခြည်​​ဖျော့​တော့​တော့​လေးတို့ဖြင့်​ တဖန်​ထွန်းလင်းစပြု​နေပြီဖြစ်​သည်​။

ဆိုဖာ​ပေါ်လက်​က​လေးတင်​ရင်းကိုယ်​တစ်​ချမ်းကို ဆိုဖာနှင့်​ အပ်​ကာအိပ်​​ပျော်​​နေသည့်​ Mi၏ ​နောက်​​ကျောပြင်​​လေးအထက်​မှာ​တော့ Mo ​ခေါင်း​လေးက​နေရာယူထားသည်​။ မျက်​ဝန်းအိမ်​တို့အနည်းငယ်​ ​ရွေ့လျားလာပြီး​နောက်​ Miမျက်​လုံး​လေးဖွင့်​လာခဲ့သည်​။ ထို​နောက်​မိမိအိပ်​​ပျော်​​နေသည့်​ ​နေရာကို သတိထားမိလိုက်​​တော့ ချက်​ချင်းဆိုသလို သူမရဲ့ အဖြူ​ရောင်​လူသား​လေးကို သတိရသွားပြီး  သူမအ​နောက်​သို့လှည့်​ကြည့်​ဖို့ပြင်​​တော့ သူမ​ကျော​ပေါ်က အနည်းငယ်​လေးလံ​နေသည်​ကို ခံစားမိလိုက်​သည်​။ သူမ ဖြည့်​ဖြည်းချင်းကိုယ်​ကိုလှည့်​လိုက်​​တော့ Mo​ခေါင်း​လေးက သူမရဲ့ ​ပေါင်​အထပ်​သို့ ​ကျလာသည်​။ သို့​သော်​လည်း Moမနိုး​သေး​ပေ ။ သူမ ပြုံးလိုက်​ပြီး က​လေးတစ်​​ယောက်​သဖွယ်​ အိပ်​​ပျော်​​နေသည့်​ Mo မျက်​နှာ​လေးကို ကြည့်​​နေမိသည်​။

" ​တောင်းပန်​ပါတယ်​ ငါသာနင့်​ကို အိမ်​လိုက်​မပို့ ခိုင်းခဲ့ရင်​ နင်​အခုချိန်​ အိပ်​ယာ​ပေါ်မှာ ​နွေး​နွေး​ထွေး​ထွေးနဲ့ အိပ်​နေရမှာ အခု​တော့ .. "

.. ... ... ... ... ... ... ... ..  ... ... ...

Moနိုးလာ​တော့ အနားတွင်​ Miမရှိ​တော့ သူမကိုယ်​​ပေါ်သို့ ခြုံ​ပေးထား​သော​စောင်​​လေးကို အသာဖယ်​ရင်း သူမ Miကိုရှာ​နေမိသည်​။ ​အောက်​ထပ်​ တစ်​ခုလုံးနှံ့သွား​သော်​လည်း Miရဲ့အရိပ်​​ယောင်​ပင်​မ​တွေ့ရ.. ။ ထို့​နောက်​ မရဲတရဲ​လေးအ​ပေါ်ထပ်​ကို တတ်​လာခဲ့ပြီး Miအခန်းဟုထင်​ရ​သောအခန်းအ​ရှေ့၌ ရပ်​၍ အခန်းတံခါးကို ​ခေါက်​မည်​လုပ်​​တော့ အိပ်​ခန်းထဲက​နေ​ရေကျသံအချို့
ကြားလိုက်​ရသည်​​ကြောင့်​ Moထို​နေရာ​လေးက​နေပြန်​လှည့်​လာခဲ့သည်​။ စားပွဲ​ပေါ်က noteစာရွက်​​လေးမှာ စာ​ရေးခဲ့ပြီး Moထွက်​သွားခဲ့သည်​။ Miလဲ ​ရေချိုးလို့ပြီး​တော့ ​ဧည့်​ခန်းထဲသို့ ​ရောက်​လာခဲ့သည်​။ သို့ပင်​မဲ့ Moကိုမ​တွေ့ရ​တော့ သူမအ​ရှေ့စားပွဲ​ပေါ်က စာ​လေးကို ယူမ​တွေ့သွားပြီး ​ကောက်​ယူကာ ဖတ်​လိုက်​သည်​။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Donde viven las historias. Descúbrelo ahora