ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၃ )မိုးစက်ငယ်လေး တစ်ပေါက်နှစ်ပေါက်သာ ကျန်ရှိတော့သည့် ပတ်ဝန်းကျင်နှင့်အတူ ကျွန်မရဲ့ ရေစိုနေသော ဆံနွယ်တို့ကိုသုတ်ရင်း ခုတင်အနားသို့ လျှောက်လာခဲ့သည်။ စာရေးစားပွဲပေါ်၌ တင်ထားမိသည့် သူမရဲ့ထီးလေးကို ကျွန်မကြည့်လိုက်မိသည်။ ထိုညမှာ ကျွန်မတော်တော်နဲ့ အိပ်မပျော်နိုင် အောင်ရှိနေသည်။ ဟိုလှိမ့်ဒီလှိမ့် ဟိုလှည့်ဒီလှည့် ဖြင့် မိုးရေထဲပြေးထွက်သွားသည့် သူမရဲ့နောက်ကျောပြင်လေရယ် ရှင်းသန့်နေတဲ့ သူမမျက်နှာလေးရယ် သူမရဲ့စကားသံတိုးတိုးလေးတွေက ကျွန်မရဲ့စိတ်အာရုံထဲ၌ စွဲထင်နေခဲ့သည်။
" ငါတို့နောက်တစ်ခါ ပြန်ဆုံရင်တော့ ငါ့ကိုမျက်ကွ ယ်မပြု ဘဲ ငါ့ကိုကြည့်ပေးလို့ရမလား "
... ... ... ... ... ... ... ... ... ... ... ... ...
ရွာသွန်းစပြုနေသေးသည့်မိုးစက်ငယ်လေးတွေကိုကျွန်မအချိန်အတန်ငယ်ကြာအောင်ငေးကြည့်နေမိသည်။ မီးရောင်တို့အနီးနားက လက်လက်..လက်လက်မိုးစက်ငယ်လေးတွေနဲ့အတူ တိတ်ဆိတ်နေသည့်ခြံဝန်းကြီးကြောင့် ကျွန်မ၏ အတွေးအာရုံတို့ထွေပြားခြင်းမရှိဘဲ ကြည်လင်လို့နေ သည်။ လက်ချောင်းသွယ်သွယ်နဲ့ မိန်းကလေးကလဲ ကျွန်မအတွေးအာရုံထဲတွင် နေရာဝင်ယူနေသည်။ မှေးမှိန်စပြုလာသည့် ကျွန်မရဲ့မျက်ဝန်းနဲ့အတူ ကျွန်မ အိမ်မက်ကမ္ဘာလေးထဲကိုရောက်ရှိလို့လာခဲ့သည်။ ဒီညအတွက် ကျွန်မရဲ့အိမ်မက်လေးဟာတော့ အလွန်ပင် လှပခဲ့သည်။
... ... ... ... ... ... ... ... ... ...
နောက်တစ်နေ့ နံနက် ကျွန်မ ကျောင်းလာတော့ သူမရဲ့ ထီကလေးကို ယူလာခဲ့သည်။ သူမကိုတွေ့လိုတွေ့ငြား ကျွန်မရှာခဲ့ပါသေးသည်။ သို့ပင်မဲ့ ကျွန်မသူငယ်ချင်း Sa ရောက် လာ၍ ကျွန်မအတွေးများဖြင့် Sa နဲ့အတူအတန်းရှိရာသို့ရောက်လာခဲ့သည်။
သူမ မနေက မိုးရွာထဲကိုပြေးထွက်သွားသည်ဖြစ်၍ သူမနေမကောင်းဖြစ်နေသလား၊ ဘာလို့များကျောင်းမလာသေးတာပါလိမ့် ။ မနေ့ကလိုသာဆို သူမရောက်လာသင့်ပြီလေ။ စသည့်ဖြင့် ကျွန်မစိတ်တွေ တစ်မျိုးကြီး ဖြစ်နေမိသည်ကအမှန်။
ESTÁS LEYENDO
ချစ်တယ် ဆိုတာထက် ပိုတယ်
Fanficနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...