ချစ်တယ်ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၃၀ )" နံနက်စာ စားပြီးပြီလား "
" ဟင့်အင်း မစားရသေးဘူး "
Miပေါင်ပေါ်သို့ စောင်ပါးပါးလေးသေချာခြုံပေးလိုက်ပြီး . . .
" နေ့လယ်စာစားမှဘဲ ပေါင်းစားလိုက်တော့မယ် "
" ဘာလို့ နေ့လယ်စာမှ ပေါင်းစားမှာလဲ . . ဗိုက်ဆာနေမှာပေါ့ . . မနက်က Moအတွက် Saထမင်းဘူးပြင်ပြီး လာပို့ပေးသွားတယ် "
" Sana unnie ! ဘယ်တုန်းက လာပေးသွားတာလဲ "
" Moအိပ်ပျော်နေတုန်းက "
" အားနာစရာကြီး နွိုးလိုက်တာမဟုတ်ဘူး "
. . . . . . . . . . . . . . . . . . . .
" ဒီရက်ပိုင်း အားရှိအောင်နေရမယ်နော် . . Eimomက ယွန်းဂျီလေးကို သေချာဂရုစိုက်စောင့်ရေှာက်ပေးမှာမို့ အကြာကြီး အိပ်ပျော်နေခဲ့ရင်တောင် စိတ်မပူလဲရတယ် "
" ခွဲစိတ်ပြီးရင် သမီးနေပြန်ကောင်းလာမှာလား Eimom "
" ဒါပေါ့ . . အခုလို ဒီအခန်းထဲမှာ ဘယ်တော့မှ ထပ်ပြီးမနေချင်တော့ဘူးဆိုရင်တောင် မနေဘဲနေလို့ရတယ် "
" အရမ်းနာမှာလားဟင် . . "
ကြောက်နေတဲ့ ဆောင်းဂျီလေးအား Ms. Myoui ကရုဏာသက်စွာပြုံးပြပြီး ဆောင်းဂျီလေးရဲ့ လက်သေးသေးလေးကို ဆုပ်ကိုင်ကာ . . . . . . .
" Eimomက နာကျင်မွုတွေ မခံစားရအောင် လုပ်ပေးမှာပေါ့ "
ဆိုးရိမ်မွုဆိုတာ ဘာမမှန်းနားမလည်သေးတဲ့ ယွန်းဂျီလေးက တော့ သူမ ကုတင်အေါ်၌ candyတွေ တစ်ပွေ့တစ်ပိုက်ဖြင့် candyတွေကို သဘောကျစွာ စားနေလေသည် ။
" နေပြန်ကောင်းသွားတဲ့အခါ ကျောင်းပြန်တက်ဖို့အတွက်ကိုလဲ Eimomနဲ့ Hirai Eimomတို့ တိုင်ပင်ထားပြီးသား အားလုံးစီစဉ်ထားတာမို့ ခွဲစိတ်မွုပြီးသွားရင် အကြာကြီး အိပ်မနေရဘူးနော် "
တစ်ခြားသူမနဲ့ရွယ်တူ ကလေးတွေနဲ့အတူ ပျောင်းပြန်တက်ခွင့်ရတော့မည် ဆိုတဲ့အတွေးက ဆောင်းဂျီလေးအတွက်တော့ ပျော်ရွွင်စရာ မျေှာ်လင့်ချက်တစ်ခုဖြစ်လာခဲ့သည် ။ ပြုံးရိပ်တွေသမ်းနေတဲ့ မျက်ဝန်းငယ်မှာ မျက်ရည်စတို့က အပြိုင် အရောင်တို့ ဖိတ်ဖိတ်တောက်နေလေ၏ ။
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...