ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၂၄ )အဲ့ဒိနောက်တော့ သူမတို့ ညစာစားပွဲလေးဟာ သူမတို့နှစ်ယောက်ကြား တိတ်ဆိတ်ခြင်းများစွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်..။ Ms. Hirai နဲ့ Ms. Myoui က အရေှ့ကနေ စကားတွေပြောရင် ၊ သူမတို့နှစ်ယောက်ကတော့ တိတ်ဆိတ်ခြင်းတွေ လက်ဆွဲရင်း အနောက်မှ ဖြည်းဖြည်းချင်းလျေှာက်နေခဲ့သည်..။
Mina ' s POV
ဘာလို့......။ သူမ ဒီလောက်ထိ အေးစက်နေရတာလဲ..။ သူမနဲ့ လက်ထပ်ရမယ့် မိန်းကလေးက ကျွန်မဖြစ်နေလို့ သူမပျော်နေရမှာလေ..။
အခုလို စကားမပြောဘဲ တိတ်ဆိတ်နေတာက ဘာသဘောလဲ..။သူမရဲ့ စကားလုံးတွေမှာ ကျွန်မအပေါ် နှစ်သက်မွုတွေ ပျောက်ဆုံးနေတယ်..၊ နေ့လယ်က ကျွန်မတွေ့ခဲ့တဲ့ သူမ မှဟုတ်ရဲ့လာ..။ သူမ ငိုနေတာ ..။ ကျွန်မကြောင့် သူမနာကျင်နေတာ..၊ ခံစားနေရတာတွေကို ကျွန်မ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာဘဲလေ..။
သူမ ကျွန်မကို အရမ်းချစ်တာ သိပါတယ်..။ အခုအခြေအနေမှာ သူမပျော်နေရမယ့်အစား ဘာလို့ တိတ်ဆိတ်နေရတာလဲ..။ ဘယ်လို နားလည်ရခက်မွုတွေ သူမကျွန်မကို ပေးအုံးမှာလဲ..။
ကျွန်မဘေးမှာ လမ်းအတူယှဉ်တွဲလျေှာက်နေတဲ့ သူမ အသက်ရောရိှသေးရဲ.လား..။
" ဟူး....း စကားလေးတစ်ခွန်းဖြစ်ဖြစ် စပြောပေးလို့မရဘူးဘား.. နောက်ပိုင်းစကားတွေကို ငါကဘဲ ဦးဆောင်ပြီး ပြောပေးမှာမို့ တစ်ခွန်းလောက်ဘဲ နင့်ဘက်ကစလို့ အရင်ပြောပေးပါလား.." * mind *
Momo's POV
ကျွန်မချစ်တာ သူမတစ်ယောက်ထဲပါ..။ ကျွန်မ Omma သဘောတူတဲ့ မိန်းကလေးကို ကျွန်မ မချစ်ဘူး..။ သူမတို့နှစ်ယောက်စလုံးက တစ်ယောက်ထဲဆိုတာ သိလိုက်ရတာတောင် ကျွန်မရဲ့နှလုံးသားက မပျော်ဘူးဖြစ်နေတယ်..။
ကျွန်မဘယ်လိုလုပ်ရမလဲ..။ ကျွန်မဘေးမှာ အခုရိှနေတဲ့သူမထက် ကျွန်မ လမ်းခွဲစကားဆိုခဲ့တဲ့ သူမကို ကျွန်မပိုမြတ်နိုးတယ်..။ ဒီကိစ္စကို ဘဘောတူလက်ခံနိုင်ဖို့ ကျွန်မနှလုံးသားလေးအတွက် Omma ဆီကနေ တောင်းဆိုမွု တစ်ခုလုပ်ခဲ့တယ်..။
ВЫ ЧИТАЕТЕ
Фанфикနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...