၁၂

52 3 0
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​
🌷 အပိုင်​း ( ၁၂ )

Momo's POV

မ​နေ့က ​ဆောင်​းဂျီ  ​လေး ကို​နောက်​​နေ့ပြန်​လာ​တွေ့မယ်​ ​ပြောထား၍ ကျွန်​မ ​ကျောင်​းဆင်​း​တော့ ခဏနားပြီး ​ရေမိုးချိုးကာ ​ဆေးရုံကို​ထွက်​လာခဲ့သည်​။ ကင်​ဆာ​ဆေးသွင်​းရမည်​့ရက်​မို့ ​ဆောင်​းဂျီ ​လေး ၏ညီမ​လေးကို ကျွန်​မအ​ဖော်​ပြု​ပေးရင်​း အချိန်​အ​တော်​ကြာသည်​အထိ အတူတူ ကစား​ပေး​နေခဲ့သည်​။ ကစားရင်​းကြာလာ​တော့ ညစာအရင်​း​ချော့​ကျွေးပြီး အိပ်​​ပျော်​သွား​အောင်​ ပုံပြင်​အချို့​ပြောကာ သိပ်​လိုက်​ပြီး​နောက်​ ကျွန်​မ ​ဆောင်​းဂျီ​လေး ကိုနွုတ်​ဆက်​၍ပြန်​လာခဲ့သည်​။ မိုး​လေဝသ သတင်​းနား​ထောင်​ရင်​း​ ကား​မောင်​လာ​နေတုန်​း ကစားကွင်​တစ်​ခုမှာ ထိုင်​ရင်​း ​ပြေးလွွား​ဆော့ကစား​နေ သည်​့ က​လေးငယ်​တို့ကို ကြည်​့​နေသည်​့ သူမကို မထင်​မှတ်​ဘဲ​တွေ့လိုက်​သည်​မို့ ကားကိုလမ်​း​ဘေးထိုးရပ်​ကာ သူမကို ကြည်​့​နေမိသည်​။

" အားလုံးဘဲ ထီယူသွားကြဖို့ သတိ​ပေးချင်​ပါတယ်​ ဒီ​နေ့အတွက်​ SBS မိုး​လေဝသ အစီစဉ်​ ဒီမှာတင်​ ပြီးဆုံးပါပြီ ခင်​ဗျာ အားလုံးဘဲ ​ပျော်​ရွွင်​ချမ်​း​မြေ့ကျပါ ​စေ "

သတင်​းပြီးလို့ သူမ​ကောင်​းကင်​ကို​မော့ကြည်​့မိ​တော့ တိမ်​မိုးသားတို့က အ​ရောင်​အ​သွေးမျိုးစုံဖြင်​့ ရိှ​နေသည်​။

" မိုးရွာမှာလား ​ကောင်​းကင်​ကကြည်​လင်​​နေတဲ့ဟာ "

သူမ​ပြောပြီး Mi ကို လှမ်​းကြည်​့လိုက်​​တော့ Mi ကထို​နေရာတွင်​မရိှ​တော့ ... ။ သူမကားခါးပတ်​ကို အမြန်​ဖြုတ်​ကာ ကား​ပေါ်တွင် ​အမြဲ​စောင်​ထား​လေ့ရိှသည်​့ ထီး​လေးက်ိုယူ၍ သူမဆင်​းလာခဲ့သည်​။ ထို့​နောက်​ Mi အိမ်​ ဘက်​သို့သွားသည်​့လမ်​းဘက်​ကို သူမ​ပြေးလိုက်​လာခဲ့သည်​။ လမ်​းအ​ကွေ့တစ်​​နေရာ​ရောက်​​တော့ ​တွေ့ရပါပြီ ရှာ​နေသူ​ကောင်​မ​လေးရဲ့​ကျောပြင်​ကို ။ Mo ​ကျေနပ်​စွာ ပြုံးလိုက်​ပြီး အ​နောက်​က​နေ ဖြည်​းဖြည်​းချင်​းကပ်​​လျေှာက်​လာခဲ့သည်​။ မိုးစက်​တို့တစ်​​ပေါက်​နှစ်​​ပေါက်​ကျလာသည််မ​ို့ Mo ထီးကိုဖွင်​့လိုက်​ပြီး အ​နောက်​ကိုလှည်​့ကြည်​့လိုက်​​တော့ အရိှန်​ပြင်​းစွာ ရွာချလာသည်​့ မိုးရည်စက်​တို့က သူမဆီ ​ပြေးလာ​နေသ​ယောင်​။ သူမကိုယ်​ကို အမြန်​လှည်​့လိုက်​ကာ Mi ရဲ့အ​နောက်​ကိုအမြန်​​ပြေးလာလိုက်​ပြီး ထီးမိုး​ပေးလိုက်​သည်​နှင်​့ အရိှန်​ပြင်​းစွာ ရွာသွန်​း​နေသည်​့ မိုးရည်​စက်​တို့က သူမတို့နှစ်​​ယောက်​အနားမှ ဖြတ်​​ပြေးသွားသည်​။ မိုးရွာ​နေတာကိုသိ​သော်​လည်​း မိုး​ပေးထားသည်​့ ထီကိုသာ​မော့ကြည်​့ပြီး အ​နောက်​လှည်​့မကြည်​့လာသည်​့ Mi ​ကြောင်​့ ​ရေှ့တစ်​လှမ်​းတို့၍ ုအုပ်​မိုး​ပေးလိုက်​ရသည်​။ခြင်​တစ်​​ကောင်​ဝင်​စာ အကွာအ​ဝေး​လောက်​သာရိှပြီး Mi ရဲ့ ဆုတ်​ထားသည်​့ လက်​သီးဆုတ်​​လေး​ကြောင်​့ သူမ​အေး​နေသည်​ထင်​မိ၍ Mi ရဲ့ လက်​ကို Mo လှမ်​းဆွဲကာ လှည်​့လိုက်​သည်​။ မျက်​နှာပျင်​​ပေါ်ပုတ်​ခက်​လာသည်​့ ဆံနွယ်​တို့​ကြောင်​့ မျက်​​တောင်​ကိုအနည်​းငယ်​ ပုတ်​ခက်​လိုက်​ပြီး Mi ကို ကြည်​့လိုက်​ချိန်​မှာဘဲ Mi လဲမိှတ်​ထားသည်​့ မျက်​လုံးတို့ဖွင်​့လာခဲ့သည်​။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Wo Geschichten leben. Entdecke jetzt