ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၁၀ )" ... ... အဲ့စကားကို ငါ့ဘက်က လိုလိုလားလားနဲ့ ကြားချင်နေခဲ့တယ် ဆိုရင်ရော "
Mina's POV
အခု ကျွန်မနှလုံးသားလေး ထိန်းမရအောင်တဒိတ်ဒိတ်နဲ့ခုန်နေတယ် ဘယ်လိုထိန််းချုပ်ရမလဲ ကျွန်မလဲ မသိတော့ဘူး ။ သူမနဲ့အကြည့်ချင်းဆုံလိုက်မိတိုင်း အသိဉာဏ်တေ ဘယ်ရောက်သွားမှန်းကိုမသိ ပြောသင့်တဲ့စကားလား မပြောသင့့်တဲ့စကားလား ဆိုတာလဲ ကျွန်မ မသိတော့ဘူး ။ ဒါဟာ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်က နိဒါန်းလား စာကိုလား နိဂုံးလား ။ တဖြည်းဖြည်းနဲ့ အေးခဲနေတဲ့ ကျွန်မ ရဲ့ နှလုံးသားလေးက အရည်ပျော်လာသလိုဘဲ ခံစားနေရတယ်။ ဒါကို အချစ်လို့ခေါ်တာလား ။ အချစ်ဆို တာ ဘယ်လိုအရာမျိုးလဲ ။
" သွားတော့မယ်နော် အခမ်းအနားစတော့မှာမို့ "
" အော်.. .. အွန် "
Mi ထွက်သွားပြီးနောက် Mo ထိုနေရာလေးမှာ ခြေတစ်လှမ်းမှမရွေ့ဘဲ တစ်နာရီလောက်ကြာသည်အထိ ရပ်နေခဲ့သည်။ ... ... ...ထို့နောက် သူမ အိမ်ကိုပြန်လာခဲ့သည်။
" သူက ဘယ်လို မိန်းကလေးမျိုးလဲ "
... ... ... ... ... ... ... ... ... ...
" Unnie ဒီတစ်ပတ်ပိတ်ရက် အိမ်ကိုလာမှာမလား"
" အွန်.. JiကAppaကိုသွားတွေ့လိုက်နော် "
" ဟုတ်ကဲ့.. Mina unnie ဒီနေ့အရမ်းလှတယ် Jiပြန်တော့မယ်နော် "
" အွန်.. ကားကိုရရုစိုက်မောင်းနော် "
" ဟုတ်ကဲ့ ... Jiကိုခွင့်ပြုပါအုံး "
နွုတ်ဆက်ပြီး ထွက်သွားတဲ့ Ji ကိုကြည့်ရင်း
" ငါလဲပြန်တော့မယ် နင်လဲနားလိုက်တော့ "
" အွန် မနက်ဖြန်မှ တွေ့ကျတာပေါ့ "
Sa ထွက်သွားတော့ Mi ကျောင်း နောက်က တောင်ကုန်းလေးပေါ်ရောက်လာခဲ့သည်။ အရ်ိပ် ကောင်းသည့် သစ်ပင်ကြီးအောက်တွင် ထိုင်လိုက်ပြီး အပြာရောင် ကောင်းကင်ပြင်ကြီးမှ တိမ်လွွာဖြူ ု ဖြူ တိမ်တိုက်တို့ကို မော့ကြည့်လိုက်သည်။
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...