ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၂၆ )ဝမ်းနည်းခြင်းတွေက မဖိတ်ခေါ်ပါဘဲ အခန်းပြတင်း တံခါးကနေဝင်ရောက်လာတဲ့ လေပြည်လေညင်းတွေလို သူမ အသိဉာဏ်နဲ့နှလုံးသားကို လာရောက်
လွွမ်းမိုးလာသည့်နောက် သူမတိတ်တိတ်မျက်ရည်ကျလေရပြီပေါ့..။ အတွေးပေါင်းများစွာကစုပြုံပြီး ဝင်ရောက်လာကာ သူမရဲ့ဝမ်းနည်းစိတ်ကို မီးလောင်ရာလေပင့်မိသလို ဖြစ်နေမိပြန်တော့ သူမနာကျင်ရ ပြန်သည်လေ..။ကျွန်မနဲ့ဝေးကွာသွားတဲ့ သူမရဲ့အသက်ရှူ သံတွေ အပြစ်မဲ့တဲ့အိပ်ယာခင်းလေးကိုသာ ကျစ်ကျစ်ဆုတ် ကိုင်ရင်း ကျွန်မမငိုမိအောင်ထိန်းထားရတာကိုတော့ သူမသိမှာ မဟုတ်ပါဘူး..။ သူမ ကျွန်မကိုတစ်ကယ်ဘဲမုန်း .........
"တောင်!."📱📩
Message ဝင်လာသည့်အသံကြောင့် အတွေ းတို့ရပ်တန့်သွားပြီး Mo ခြေ သံတွေကိုနားစွင့့်လိုက်သည်..။ ရေချိုးခန်းတံခါး ပိတ်သံကြားလိုက်ရသည်မို့ သူမခေါင်းအုံးဘေးက ဖုန်းလေး ကိုယူပြီး သူမကြည့်လိုက်မိသည်..။
အဖြူရောင်အလင်းတန်းနဲ့အတူ သူမမြင်တွေ့လိုက်ရသည့် နာမည်ကြောင့် ရီဝေဝေမျက်ဝန်းတွေအရောင်တောက်လာပြီး သူမရင်တွင်းက အဂါင်္အစိတ်အပိုင်းတစ်ခု ဆူးနှစ်စွာ ခံစားလိုက်ရသည်..။ ခပ်မြန်မြန်ဘဲသူမ ph: logကိုဖွင့် လိုက်ကာ messageထဲဝင်ကြည့်မိတော့ ဒီနေ့အတွက် ပထမဆုံးသူမဆီရောက်ရိှလာခဲ့တဲ့messageလေးကြောင့်တော့ သူမ ရီဝေဝေမျက်ဝန်းတွေနဲ့ဘဲ ပြုံးလိုက်မိသည်..။ မျက်ဝန်းက မျက်ရည်စ အချို့လည်း ခေါင်းအုံးလေးအထပ်ဆီသို့ တစ်ပြိုင်ထဲကျဆင်း နေရာယူလာသည်..။
📱From Mo📩▶▶ ▶▶
" မောနင်း ချစ်သူ ♡ "
သူမရဲ့ ညာလက်လေး ဘယ်ဘက်ရင်အုံသို့ရောက်ရိှလာခဲ့ကာ နာကျင်နေသည့် နှလုံး သားလေးကို ဖိရင်း မွုန်ရီမွုန်ဝါးမျှသာ မြင်တွေ့နေရ တော့သည့် စာကြောင်းလေးကိုဘဲ သူမကြည့်နေမိသည်..။
VOUS LISEZ
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...