ချစ်တယ် ဆိုတာထက် ပိုတယ် ( ၂၇ )

618 49 28
                                    

ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၂၇ )

📱 .. Du >>> Du >>>

သူမ သစ်​ပင်​​အောက်​က ခုံတန်း​လေးမှာ ထိုင်​ရင်း ငို​နေတုန်း မှာဘဲ အင်္ကျီအိတ်​ကပ်​ထဲမှ ဖုန်းသံထွက်​​ပေါ်လာသည်​မို့ ငို​နေရင်းကပင်​ အိတ်​ကပ်​ထဲက ဖုန်းကိုသူမထုတ်​လိုက်​ပြီး နာမည်​ကိုကြည့်​လိုက်​​တော့ သူမအတွက်​ နှစ်​​ယောက်​မရှိနိုင်​​သော သူငယ်​ချင်း Jihyo ပင်​ဖြစ်​သည်​..။ ချက်​ချင်းဘဲ သူမဖုန်းကိုင်​လိုက်​သည်​..။ မွန်းကြပ်​​နေသည့်​ သူမအတွက်​ စိတ်​ထွက်​​ပေါက်​တစ်​ခု​တော့ Ji က​ပေးစွမ်းနိုင်​မည်​ထင်​၍ သူမဖုန်းကို မြန်​မြန်​ကိုင်​လိုက်​ခြင်းဖြစ်​သည်​..။ တစ်​ဖက်​မှ ကြည်​ရွှင်​သည့်​အသံတစ်​ခုကို သူမကြားလိုက်​ရသည်​ဆိုရင်​ဘဲ အနည်းငယ်​​တော့ သူမစိတ်​သက်​သာရာရလိုက်​သလို..။

" ဘယ်​မှာလဲ "

သူမ အရမ်းနာကျင်​​နေ​ပေမယ့်​ ခွန်​အားတစ်​ခုလို ဖြစ်​​စေတဲ့ သူငယ်​ချင်းဖြစ်​သူ Ji ​​ကြောင့်​​တော့ သူမငို​နေရင်းမှ ပြုံးလိုက်​မိသည်​..။

" မနက်​ဖြန်​ ​ကျောင်းလာမှာလား ..?"

" အွန်​.. "

Mo အံကိုကြိတ်​ရင်း ငိုသံမပါ​အောင်​ ကြိုးစား၍ ပြန်​​ဖြေလိုက်​မိသည်​..။

" မြန်​မြန်​လာ​လေ Unnieကလဲ .. အရမ်းကြာတာဘဲ .. "

ကားပါကင်​ထိုး​နေသည့်​ Sa ကို Ji လှမ်း​အော်​​ပြောလိုက်​ချင်းပင်​ ..။ Ji ရဲ့​ခြေလှမ်း​တွေက​တော့ ခြံဝန်းတစ်​ခုအတွင်း သို့ ​ဖြေး​ဖြေးချင်း​လျှောက်​လာ​နေ၏..။

" အပြင်​​ရောက်​​နေတာလား ? .အခု "

" အွန်​ .. ဟုတ်​တယ်​ .. ဒါနဲ့ Eimoo​ရော ဘယ်​အချိန်​ပြန်​မှာလဲ ?."

" Ommaလား? . ည​နေပြန်​မယ်​ထင်​တယ်​ .. "

" Ji .. Miကို ဖုန်း​ခေါ်ကြည့်​​ပေးပါလား? . Unnie ဖုန်းကို သူမကိုင်​ဘူးဖြစ်​​နေတယ်​.. "

" ဟုတ်​လား .. ခဏ​လေး​နော်​ Ji​ခေါ်ကြည့်​​ပေးမယ်​ "

အ​ဝေးက​နေ လှမ်း​ပြောလိုက်​သည့်​ Sa စကားကို​တော့ Mo မကြားလိုက်​.. ။ ရှင်းလင်းစွာကြားလိုက်​ရသည့်​ Ji အသံ​ကြောင့်​  သူမရဲ့မျက်​နှာကို ​အောက်​သို့ပြန်​ငုတ်​လိုက်​ရင်း မြက်​ခင်းစိမ်းစိမ်း​လေး​တွေကို ​တွေ​ဝေစွာဘဲ ​ငေးစိုက်​ကြည့်​လိုက်​မိသည်​..။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Donde viven las historias. Descúbrelo ahora